Month: April 2021

ဝန်ကြီးဦးဇော်ဝင်းကို မတရားအသင်းအက်ဥပဒေဖြင့် တရားစွဲထား

ကချင်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာနဝန်ကြီး ဦးဇော်ဝင်းကို မတရားအသင်းအက်ဥပဒေပုဒ်မ ၁၇ (၁) ဖြင့် တရားစွဲဆိုထားသည်ဟု သိရသည်။

ရမ်ပူရပ်ကွက်ရှိနေအိမ်အချို့ စစ်ကောင်စီတပ်များ၏ ပစ်ခတ်မှုကြောင့် ထိခိုက်ပျက်စီး

စစ်ကောင်စီတပ်ဖွဲ့ဝင်များက မတ်လ ၂၇ ရက်နေ့မှ မတ်လ ၃၁ ရက်နေ့အကြား မြစ်ကြီးနားမြို့ ရမ်ပူရပ်ကွက်တွင် ဆန္ဒပြနေသည့် ပြည်သူများကို အကြမ်းဖက်ပစ်ခတ်ခဲ့သဖြင့် ရပ်ကွက်အတွင်းရှိ နေအိမ်အချို့ထိခိုက်ပျက်စီးခဲ့ရသည်။