ဝန်ကြီးဦးဇော်ဝင်း

ကချင်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာနဝန်ကြီး ဦးဇော်ဝင်းကို မတရားအသင်းအက်ဥပဒေပုဒ်မ ၁၇ (၁) ဖြင့် တရားစွဲဆိုထားသည်ဟု သိရသည်။

ဝန်ကြီးဦးဇော်ဝင်းအား မတရားအသင်းအက်ဥပဒေပုဒ်မ ၁၇ (၁) ဖြင့် တရားလို ဗိုလ်မှူးကျော်ရဲထွဋ် က အမှုဖွင့် တရားစွဲဆိုထားပြီး မြစ်ကြီးနားမြိုနယ်တရားရံုး၌ စစ်ဆေးနိုင်ရန် ခရိုင်တရားရုံးတွင် တရားလိုက ရုံးပြောင်းလျှောက်ထားသည်ဟု အမှုကိုလိုက်ပါဆောင်ရွက်ပေးနေသည့် ရှေ့နေသက်ထွန်းဦးက The 74 Media ကိုပြောသည်။

“ဝန်ကြီး ဦးဇော်ဝင်းကိုတော့ ၁၇ (၁) နဲ့ တရားစွဲတယ် စွဲတာကို တနိုင်းရုံးဖြစ်တဲ့အတွက် စွပ်စွဲခံရသူ ဦးဇော်ဝင်းကို ချုပ်ထားတာက မြစ်ကြီးနား အကျဉ်းထောင်ဖြစ်တဲ့အတွက် သူတို့က သွားရေးလာရေး မလွယ်ဘူးပေါ့ တရားစွဲတဲ့ တရားလိုဘက်ကပဲ မြစ်ကြီးနား ခရိုင်းတရားရုံးမှာ အဲ့အမှုတွေကို မြစ်ကြီးနားမြို့နယ်တရားရုံးမှာ စစ်ဆေးပေးဖို့အတွက် ရာဇဝတ်အထွေထွေအမှုဖွင့်ထားတယ် ရုံးပြောင်းကိစ္စအတွက် အမိန့်မချသေးဘူး ခွင့်ပြုမိန့်ချမှတ်ခဲ့ရင်တော့ မြစ်ကြီးနားတရားရုံးမှာ စစ်ဆေးပြီဆိုမှ မြို့နယ်ရုံးမှာ စစ်ရမှာပေါ့” ဟု သူကပြောသည်။

ဝန်ကြီး ဦးဇော်ဝင်အား တရားလို ဗိုလ်မှူးကျော်ရဲထွဋ်က တနိုင်းမြို့နယ်တရားရုံးတွင် အမှုဖွင့်ခဲ့ခြင်းဖြစ်ပြီး မတ်လ ၁၇ ရက်တွင် အမှုဖွင့် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

ဝန်ကြီးဦးဇော်ဝင်းနှင့် လက်ရှိအချိန်ထိ တွေ့ခွင့်မရသေးကြောင်း ဦးသက်ထွန်းဦးက ဆက်ပြောသည်။

“သူနဲ့က တွေ့ခွင့်မရဘူး ကျွန်တော်တို့က တရားခွင်မှာ ရုံးထုတ်မှပဲတွေ့ခွင့်ရတာ ထောင်ထဲမှာသွားတွေ့လို့မရဘူး၊ ပြီတော့ ရုံးပြောင်းကလဲအမိန့်မကျသေးတော့ တွေ့ခွင့်မရသေးဘူး” ဟု သူကပြောသည်။

ဝန်ကြီးဦးဇော်ဝင်းအား စစ်ကောင်စီမှ အာဏာသိမ်းသည့် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် သူနေထိုင်သည့် ဝန်ကြီးအိမ်ရာမှ လာရောက်ဖမ်းဆီး ခေါ်ဆောင်သွားပြီး လက်ရှိအချိန်ထိ မိသားစုနှင့် တွေ့ခွင့်မရ သေးကြောင်း သိရသည်။

သင့်ထင်မြင်ချက်ရေးပေးပါ