ရမ်ပူရပ်ကွက်ရှိနေအိမ်အချို့ စစ်ကောင်စီတပ်များ၏ ပစ်ခတ်မှုကြောင့် ထိခိုက်ပျက်စီး

စစ်ကောင်စီတပ်ဖွဲ့ဝင်များက မတ်လ ၂၇ ရက်နေ့မှ မတ်လ ၃၁ ရက်နေ့အကြား မြစ်ကြီးနားမြို့ ရမ်ပူရပ်ကွက်တွင် ဆန္ဒပြနေသည့် ပြည်သူများကို အကြမ်းဖက်ပစ်ခတ်ခဲ့သဖြင့် ရပ်ကွက်အတွင်းရှိ နေအိမ်အချို့ထိခိုက်ပျက်စီးခဲ့ရသည်။

ရမ်ပူရပ်ကွက်ရှိနေအိမ်အချို့ စစ်ကောင်စီတပ်များ၏ ပစ်ခတ်မှုကြောင့် ထိခိုက်ပျက်စီး

 

မြစ်ကြီးနားမြို့ရှိ ဆန္ဒပြပြည်သူများသည် မတ်လ ၂၇ ရက်မှစတင်ကာ ရမ်ပူရပ်ကွက်တွင် ခံတပ်များဆောက်လုပ်ပြီး စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များက အဆိုပါဆန္ဒပြပြည်သူများကို အကြမ်းဖက်ဖြိုခွင်းခဲ့ရာ မတ်လ ၃၀ ရက်နေ့တွင် အသက် ၂၃ နှစ်အရွယ် ကိုမျိုးမင်းသူသည် သေနတ်ကျည်ဆံထိမှန်သေဆုံးခဲ့သည်။

အကြမ်းဖက်ဖြိုခွင်းမှုများရှိသော်လည်း မြစ်ကြီးနားမြို့ရှိလူငယ်များသည် နေ့စဉ်စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ဆန္ဒထုတ်ဖော်နေဆဲဖြစ်သည်။

သင့်ထင်မြင်ချက်ရေးပေးပါ