Month: April 2021

ဝိုင်းမော်လူငယ်များ သော့ခတ်သပိတ်ပြုလုပ်နေစဉ် လိုက်လံဖမ်းဆီးခြင်းများရှိခဲ့

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်ရှိ ဝိုင်မော်ပန်းခြံ၌ ယနေ့ ဧပြီလ ၂၉ ရက်နေ့တွင် စစ်အာရှင်စနစ်ဆန့်ကျင်ရေးလှုပ်ရှားမှုပြုလုပ်‌နေစဉ် စစ်ကောင်စီတပ်ဖွဲ့ဝင်များ လိုက်လံဖမ်းဆီးခဲ့ဟုသိရသည်။

မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းကို ပိတ်ဆို့အရေးယူရန် အမေရိကန်အထက်လွှတ်တော်အမတ် ခြောက်ဦး တင်ပြတောင်းဆို

မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းကို ပိတ်ဆို့အရေးယူရန်နှင့် မြန်မာနိုင်ငံတွင် ရေနံလုပ်ငန်းလုပ်ကိုင်နေသည့် ကုမ္ပဏီ ငါးခုမှရရှိသည့် ဝင်ငွေများကို ထိန်းသိမ်းထားရန် အမေရိကန်အထက်လွှတ်တော်အမတ် ခြောက်ဦးက ဧပြီလ ၂၇ ရက်တွင် တင်ပြတောင်းဆိုလိုက်သည်။

သယံဇာတဝန်ကြီးဌာနတွင် CDM ဝန်ထမ်း ၆ထောင်ကျော်ရှိ၊ စားဝတ်နေရေးပံ့ပိုးပေးနိုင်ရန် ပြင်ဆင်နေ

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနတွင် CDM ပြုလုပ်သော ဝန်ထမ်း ၆ထောင်ကျော်ရှိပြီး ၎င်းတို့၏စားဝတ်နေရေးပံ့ပိုးပေးနိုင်ရန် ပြင်ဆင်နေကြောင်း ပြည်ထောင်စုဝန်ကြီးဒေါက်တာတူးခေါင်ကပြောသည်။

အောင်လအင်ဆန်ထပ်မံရှုံးနှိမ့်

မြန်မာ့ဂုဏ်ဆောင် အောင်လအင်ဆန်သည် နယ်သာလန်နိုင်ငံသား ဒီရီဒါကို ဒိုင်အဆုံးအဖြတ်ဖြင့် ရှုံးနှိမ့်ကာ သူ၏ လိုက်ဟဲဗီးဝိတ်ချန်ပီယံခါးပတ်ကို ဆုံးရှုံးသွားသည်။ ထိုးပွဲ ငါးချီတွင် အောင်လကို နယ်သာလန်နိုင်ငံသားက ချုပ်ကွက်ဖြင့် ဖိအားပေးထားနိုင်ခဲ့ပြီး...

ဗန်းမော်ဆေးရုံမှ ဆရာဝန် ၄ ဦး ၅၀၅ – က ဖြင့် ထပ်မံအမှုဖွင့်ခံရ

CDM လှုပ်ရှားမှုတွင် ပါဝင်ခြင်းကြောင့် ရာဇသတ်ကြီးပုဒ်မ ၅၀၅ က ဖြင့် အမှုဖွင့်အရေးယူမှုတွင် ဗန်းမော်ပြည်သူ့ဆေးရုံမှ ဆရာဝန် ၄ ဦးထပ်မံပါဝင်လာသည်။