မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းကို ပိတ်ဆို့အရေးယူရန် အမေရိကန်အထက်လွှတ်တော်အမတ် ခြောက်ဦး တင်ပြတောင်းဆို

မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းကို ပိတ်ဆို့အရေးယူရန်နှင့် မြန်မာနိုင်ငံတွင် ရေနံလုပ်ငန်းလုပ်ကိုင်နေသည့် ကုမ္ပဏီ ငါးခုမှရရှိသည့် ဝင်ငွေများကို ထိန်းသိမ်းထားရန် အမေရိကန်အထက်လွှတ်တော်အမတ် ခြောက်ဦးက ဧပြီလ ၂၇ ရက်တွင် တင်ပြတောင်းဆိုလိုက်သည်။

မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းကို ပိတ်ဆို့အရေးယူရန် အမေရိကန်အထက်လွှတ်တော်အမတ် ခြောက်ဦး တင်ပြတောင်းဆို

 

အဆိုပါစာတွင်မြန်မာ့စီးပွားရေးဦးပိုင်လုပ်ငန်းကို အမေရိကန်အစိုးရက ပိတ်ဆို့အရေးယူမှုကို ကြိုဆိုသော်လည်း မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းကို အရေးယူမှုတွင် ထည့်သွင်းသင့်သည်ဟု အကြံပြုထားသည်။
ထို့အပြင် ရေနံကုမ္ပဏီများဖြစ်သည့် Total၊ Chevron၊ Posco၊ PTT နှင့် CNPC ကုမ္ပဏီများသည် စစ်ကောင်စီကို တစ်နှစ်လျင် အမေရိကန်ဒေါ်လာ ၁.၁ ဘီလျံခန့်ရရှိစေရန် ကူညီပေးနေသဖြင့် အဆိုပါကုမ္ပဏီမှ ရရှိလာမည့် အမေရိကန်ဒေါ်လာများကို ပြည်သူလူထုက ရွေးချယ်တင်မြောက်သည့် အစိုးရတစ်ရပ် တက်လာမှသာ ထုတ်ပေးသင့်သည်ဟု ရေးသားထားသည်။
၁၉၉၀ နှစ်များအတွင်း မြန်မာနိုင်ငံ၏စစ်ခေါင်းဆောင်များကို စီးပွားရေး ပိတ်ဆို့အရေးယူခဲ့သော်လည်း Total နှင့် Chevron ကုမ္ပဏီများက နိုင်ငံခြားငွေရရှိရန် ကူညီပေးခဲ့သဖြင့် ထိရောက်မှုမရှိခဲ့ကြောင်း ထောက်ပြထားသည်။

အမေရိကန်ပြည်ထောင်စု ဘဏ္ဍာရေးဝန်ကြီးဌာန ဝန်ကြီးနှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီးတို့ကို လိပ်မူတောင်းဆိုထားသည့်စာကို ဝါရင့်အထက်လွှတ်တော်အမတ်များဖြစ်ကြသည့် အော်ရီဂွန်ပြည်နယ်မှ ဂျက်ဖ်မာဂလေ၊ ဖလော်ရီဒါပြည်နယ်မှ မာကိုရူဘီယို၊ အီလီနွိုက်ပြည်နယ်မှ ရစ်ချက်ဒါဘင်၊ မိန်းပြည်နယ်မှ ဆူဆန်ကောလင်း၊ နယူးဂျာဆီပြည်နယ်မှ ကိုရီဘွတ်ကာနှင့် မက်ဆာချူးဆက်ပြည်နယ်မှ အက်မာကီတို့လက်မှတ်ရေးထိုးထားသည်။

သင့်ထင်မြင်ချက်ရေးပေးပါ