ဝိုင်းမော်လူငယ်များ သော့ခတ်သပိတ်ပြုလုပ်နေစဉ် လိုက်လံဖမ်းဆီးခြင်းများရှိခဲ့

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်ရှိ ဝိုင်မော်ပန်းခြံ၌ ယနေ့ ဧပြီလ ၂၉ ရက်နေ့တွင် စစ်အာရှင်စနစ်ဆန့်ကျင်ရေးလှုပ်ရှားမှုပြုလုပ်‌နေစဉ် စစ်ကောင်စီတပ်ဖွဲ့ဝင်များ လိုက်လံဖမ်းဆီးခဲ့ဟုသိရသည်။

ဝိုင်းမော်လူငယ်များ သော့ခတ်သပိတ်ပြုလုပ်နေစဉ် လိုက်လံဖမ်းဆီးခြင်းများရှိခဲ့

 

သော့ခတ်သပိတ်ပြုလှုပ်နေသူများကို လိုက်လံဖမ်းဆီးရာတွင် သပိတ်တွင် ပါဝင်သူများ၏ ဆိုင်ကယ်သိမ်းဆည်းခံလိုက်ရကြောင်း လှုပ်ရှားမှုတွင်ပါဝင်သူတစ်ဦးက The 74 media ကိုပြောသည်။
“ဒီနေ့ လှုပ်ရှားမှုလုပ်နေတဲ့အချိန် ရဲတွေအရပ်ဝတ်နဲ့ လိုက်ဖမ်းလို့ ပြေးခဲ့ရပါတယ် ကျွန်တော်တို့ဆိုင်ကယ် နှစ်စီးပါသွားပါတယ်ဗျ လူတော့မပါသွားဘူးဗျ” ဟု သူကပြောသည်။

သော့ခတ်သပိတ်သည် ပြည်သူများက မိမိတို့၏ ခံယူချက်များ ဆန္ဒများကို ရေးသားကာ သော့ဖြင့်ချိန်ဆွဲခြင်းဖြစ်သည်။

သင့်ထင်မြင်ချက်ရေးပေးပါ