အောင်လအင်ဆန်ထပ်မံရှုံးနှိမ့်

မြန်မာ့ဂုဏ်ဆောင် အောင်လအင်ဆန်သည် နယ်သာလန်နိုင်ငံသား ဒီရီဒါကို ဒိုင်အဆုံးအဖြတ်ဖြင့် ရှုံးနှိမ့်ကာ သူ၏ လိုက်ဟဲဗီးဝိတ်ချန်ပီယံခါးပတ်ကို ဆုံးရှုံးသွားသည်။

ထိုးပွဲ ငါးချီတွင် အောင်လကို နယ်သာလန်နိုင်ငံသားက ချုပ်ကွက်ဖြင့် ဖိအားပေးထားနိုင်ခဲ့ပြီး ဒိုင်အားလုံးက တစ်ညီတစ်ညွှတ်တည်းအနိုင်ပေးခဲ့ခြင်းဖြစ်သည်။

မူလက အောင်လသည် ရုရှားနိုင်ငံသား ဘစ်ဒတ်ရှ်နှင့်ထိုးသတ်ရန် စီစဉ်ထားသော်လည်း ဘစ်ဒတ်ရှ်တွင် Covid 19 ပိုးတွေ့ရှိခဲ့သောကြောင့် ရက်ပိုင်းအလိုတွင် ဒီရီဒါနှင့် ပြောင်းလဲထိုးသတ်ခဲ့ရခြင်းဖြစ်သည်။
ထို့အတူ နယ်သာလန်သား ဒီရီဒါနှင့် မူလက ထိုးသတ်ရန်စီစဉ်ထားသော ပြိုင်ဘက်တွင်လည်း Covid 19 ပိုးတွေ့ရှိခဲ့သောကြောင့် ယခုကဲ့သို့ အောင်လအင်ဆန်နှင့် ထိုးသတ်ရန်စီစဉ်ခဲ့ခြင်းဖြစ်သည်။

ဘက်စုံသုံးထိုးသတ်ပြိုင်ပွဲ MMAအားကစားတွင် ၁၃ ပွဲဆက်တိုက်ရှုံးပွဲမရှိသေးသည့် နယ်သာလန်သား ဒီရီဒါသည် အောင်လအင်ဆန်ကို အောက်တိုဘာလတွင် အနိုင်ရရှိခဲ့ပြီး မစ်ဒယ်ဝိတ်ချန်ပီယံခါးပတ်ကို ရယူခဲ့သည်။

သင့်ထင်မြင်ချက်ရေးပေးပါ