ဗန်းမော်ဆေးရုံမှ ဆရာဝန် ၄ ဦး ၅၀၅ - က ဖြင့် ထပ်မံအမှုဖွင့်ခံရ

CDM လှုပ်ရှားမှုတွင် ပါဝင်ခြင်းကြောင့် ရာဇသတ်ကြီးပုဒ်မ ၅၀၅ က ဖြင့် အမှုဖွင့်အရေးယူမှုတွင် ဗန်းမော်ပြည်သူ့ဆေးရုံမှ ဆရာဝန် ၄ ဦးထပ်မံပါဝင်လာသည်။

ဗန်းမော်ဆေးရုံမှ ဆရာဝန် ၄ ဦး ၅၀၅ - က ဖြင့် ထပ်မံအမှုဖွင့်ခံရ

ယနေ့ ဧပြီလ ၂၈ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာတွင် ဗန်းမော်ပြည်သူ့ဆေးရုံးကြီးမှ ဒေါက်တာမင်းဇော်အေး (အထူးကု)၊ ဒေါက်တာမြတ်သီတာအေး၊ ဒေါက်တာရွှေစင်သိန်းတန်နှင့် ဒေါက်တာသုထင်တို့ကို အမှုဖွင့်အရေးယူ ဆောင်ရွက်ထားကြောင်း ဖော်ပြထားသည်။
အရေးယူရခြင်းမှာ နိုင်ငံတော်၏ အုပ်ချုပ်မှုယန္တရားပျက်ပြားစေရန် ရည်ရွယ်ချက်ဖြင့် နိုင်ငံဝန်ထမ်းနှင့် ကျန်းမာရေးဝန်ထမ်းများအား CDM လှုပ်ရှားမှုတွင် ပါဝင်လာစေရန်လှုံ့ဆော်ခြင်း၊ ၎င်းတို့ကိုယ်တိုင် CDM လှုပ်ရှားမှုများတွင်ပါဝင်လုပ်ဆောင်ခြင်း၊ CDM လှုပ်ရှားမှုအပေါ် ထောက်ခံအားပေးခြင်း၊ CRPH မတရားအသင်းအား ထောက်ခံအားပေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိခြင်း တို့ကြောင့် ဖြစ်သည်ဟု ဖော်ပြထားသည်။

ဧပြီလ ၁၅ ရက်နေ့တွင်လည်း ဗန်းမော်ပြည်သူ့ဆေးရုံမှ ဆရာဝန် ၄ ဦးကိုလည်း ရာဇသတ်ကြီးပုဒ်မ ၅၀၅- က ဖြင့် အမှုဖွင့်အရေးယူခဲ့သည်။

သင့်ထင်မြင်ချက်ရေးပေးပါ

Leave a Reply

Your email address will not be published. Required fields are marked *