Month: February 2021

Civilian Disobedient Movement တွင်ပါဝင်သည့် ဝန်ထမ်းများကို ဖိနှိပ်မည့် ညွှန်ကြားချက် ကချင်ပြည်နယ်စီမံကောင်စီထုတ်ပြန်

ကချင်ပြည်နယ်အတွင်းရှိ Civilian Disobedient Movement တွင်ပါဝင်သည့် ဝန်ထမ်းများကို အရေးယူရန် ညွှန်ကြားသည့် စာတစ်စောင်ကို ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီက ဖေဖော်ဝါရီလ ၁၂ ရက်နေ့ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည်။

ကချင်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌကို တပ်မတော်ဖမ်းဆီး

ကချင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၏ ဥက္ကဋ္ဌ ဆရာမကြီးဒေါ်မေရီမီနန်ကို ဖေဖော်ဝါရီလ ၁၀ ရက်ညနေပိုင်းတွင် တပ်မတော်က လာရောက်ခေါ်ဆောင်သွားသည်ဟု သိရသည်။

ရွှေကူမြို့နယ်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးကို အာဏာပိုင်များခေါ်ဆောင်သွား

ရွှေကူမြို့နယ် ရွေးကောက်ပွဲကော်မရှင်ခွဲ၏ ဥက္ကဋ္ဌ ဆရာကြီးဒေါ်မမနှင့် အတွင်းရေးမှူးဒေါ်ဝင်းစန္ဒာတို့ကို ဖေဖော်ဝါရီလ ၁၀ ရက်၊ ည ၈ နာရီခန့်တွင် အာဏာပိုင်များက လာရောက်ခေါ်ဆောင်သွားသည်ဟု သိရသည်။

ကချင်ပြည်နယ်လွှတ်တော်ဝန်ထမ်းများကို Civilian Disobedience Movement တွင် မပါဝင်ရန် ခြိမ်းခြောက်ထား

ကချင်ပြည်နယ်လွှတ်တော်တွင် တာဝန်ထမ်းဆောင်သည့် ဝန်ထမ်းများကို စစ်အာဏာရှင်ဆန့်ကျင်သည့် Civilian Disobedience Movement တွင်မပါဝင်ရန် ခြိမ်းခြောက်အကျပ်ကိုင်ထားသည်ဟု လွှတ်တော်ဝန်ထမ်းများထံမှ သိရသည်။

ဝန်ကြီးဦးဇော်ဝင်းကို မတရားအသင်းအက်ဥပဒေဖြင့် တရားစွဲထား

ကချင်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာနဝန်ကြီး ဦးဇော်ဝင်းကို မတရားအသင်းအက်ဥပဒေပုဒ်မ ၁၇ (၁) ဖြင့် တရားစွဲဆိုထားသည်ဟု သိရသည်။ ဝန်ကြီးဦးဇော်ဝင်းအား မတရားအသင်းအက်ဥပဒေပုဒ်မ ၁၇ (၁) ဖြင့်...

သံပုံးမခေါက်ရန် အာဏာပိုင်များက သတိပေးပြောဆိုခဲ့သော်လည်း မြစ်ကြီးနားမြို့နယ်အနှံ့ သံပုံးတီးခေါက်

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်ရှိ ရပ်ကွက်များတွင် သုံးပုံးမခေါက်ရန် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက လိုက်လံပြောဆိုခဲ့သော်လည်း မြစ်ကြီးနားမြို့ပေါ်ရှိ ဒူကထောင်၊ တပ်ကုန်း၊ မင်းရပ်၊ သီတာနှင့် အခြားရပ်ကွက်များတွင် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်သည့်အနေဖြင့် သံပုံးတီးခေါက်ကြသည်ဟု...

ဖမ်းဆီးထားသူများကို ချက်ချင်းလွတ်ပေးရန် ကုလသမဂ္ဂလုံခြုံရေးကောင်စီတောင်းဆို

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့်အပါအဝင် အာဏာသိမ်းစစ်အစိုးရ ဖမ်းဆီးထားသူများကို ချက်ချင်းလွတ်ပေးရန် ကုလသမဂ္ဂလုံခြုံရေးကောင်စီက တစ်ညီတစ်ညွှတ်တည်း တောင်းဆိုလိုက်သည်။

ပြည်တွင်းလေကြောင်းလိုင်းများ မနက်ဖြန်မှစတင်ကာ ပြန်လည်ပြေးဆွဲမည်

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ပြည်တွင်းလေကြောင်းလိုင်းခရီးစဉ်ပေးဆွဲမှုများကို ဖေဖော်ဝါရီလ ၄ ရက်နေ့မှစ၍ ပြန်လည်ပြေးဆွဲတော့မည်ဖြစ်ကြောင်း မြစ်ကြီးနားလေကြောင်းပို့ဆောင်ရေးရုံးမှ သိရသည်။