News

မြစ်ကြီးနားတွင် ရေဘေးကြောင့် သေဆုံးခဲ့သူများ၏ ရုပ်အလောင်းများတွေ့ရှိထား၊ သေဆုံးသူပိုများနိုင်ပြီး အချို့ပျောက်ဆုံးနေ

ဧရာဝတီမြစ်ရေကြီးပြီးနောက် ရေနစ်မြှုပ်ခဲ့သည့် မြစ်ကြီးနားမြို့ရှိ ရပ်ကွက်အချို့တွင် သေဆုံးနေသည့် ရုပ်အလောင်း ခုနှစ်ခုထက်မနည်းတွေ့ရှိထားပြီး ပျောက်ဆုံးနေသူများလည်းရှိကြောင်း သိရသည်။

ဖားကန့်တွင် အများပြည်သူအသုံးပြုသည့်လမ်းကို ကျောက်စိမ်းတူးနေသဖြင့် ဒေသခံများအခက်တွေ့

ဖားကန့်မြို့၊ အေးမြသာယာအုပ်စုရှိ ကျေးရွာချင်းဆက်လမ်းအောက်ခြေတွင် ကျောက်စိမ်းတူးဖော်ထားသောကြောင့် လမ်းပျက်စီးကာ ဒေသခံပြည်သူများသွာလာရခက်ခဲနေကြောင်း သိရသည်။

ကချင်အမျိုးသား ကွန်ဂရက်ပါတီ (KNC) ၏ ပါတီမှတ်ပုံတင်ခွင့်လျှောက်ထားချက်ကို စစ်ကောင်စီ UEC ငြင်းပယ်

ကချင်အမျိုးသား ကွန်ဂရက်ပါတီ (KNC) ၏ ပါတီမှတ်ပုံတင်ခွင့်လျှောက်ထားချက်ကို ငြင်းပယ်ကြောင်း စစ်ကောင်စီလက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ယနေ့ထုတ်မြဝတီသတင်းစာမှတစ်ဆင့် ထုတ်ပြန်ခဲ့သည်။

ဝိုင်းမော်တွင် အမျိုးသားလေးဦး အစာအဆိပ်သင့်သေဆုံး၊ အရက် သို့မဟုတ် အမြည်းကြောင့်ဖြစ်နိုင်သည်ဟုဆို

ရေနစ်သေဆုံးသည့်တိရိစ္ဆာန်များကို သတ်ဖြတ်စားသောက်ကာ အရက်သောက်ရာမှ အစာအဆိပ်သင့်သဖြင့် ဝိုင်းမော်မြို့နယ်၊‌ နောင်တာလောကျေးရွာတွင် အမျိုးသားလေးဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရသည်။

လားရှိုးအထွက်တွင် ကားများထောင်ချီပိတ်မိနေဆဲဖြစ်ပြီး ဖုန်းလိုင်းများလည်း ပြတ်တောက်နေ

တိုက်ပွဲပြင်းထန်လာသောကြောင့် ထွက်ပြေးတိမ်းရှောင်ခဲ့သည့် လာရှိုးမြို့မှဒေသခံပြည်သူများကို စစ်ဆေးရေးဂိတ်များက ဖြတ်သန်းသွားလာခွင့်ပိတ်ထားသောကြောင့် လက်ရှိအချိန်ထိ ကားထောင်ချီပိတ်မိနေဆဲဖြစ်ပြီး ဖုန်းလိုင်းများလည်းပြတ်တောက်နေကြောင်း သိရသည်။

ရေဘေးကြုံတွေ့ရသူများကို ကူညီကယ်ဆယ်စဉ် ထိခိုက်ဒဏ်ရာရသူများအတွက် ဆေးဝါးအကူအညီလိုအပ်နေ

ဧရာဝတီမြစ်ရေကြီးချိန် ကူညီကယ်ရေးဆောင်လုပ်ဆောင်ခဲ့စဉ်က ထိခိုက်ဒဏ်ရာရရှိခဲ့သူများကို ဆေးကုသပေးရန် ဆေးဝါးမလုံလောက်မှုကြောင့် အခက်အခဲကြုံနေရကြောင်း သိရသည်။

ဗန်းမော်အခြေစိုက် စ.က.ခ (၂၁) ကို KPDF က ဗုံးပစ်လောင်ချာဖြင့် ပစ်ခတ်တိုက်ခိုက်

ဗန်းမော်မြို့ရှိ အမှတ် (၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စ.က.ခ) ၂၁ ယနေ့ နံနက် ၇ နာရီခန့်က လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခံခဲ့ရကြောင်းသိရသည်။

ရေဘေးသင့်ဖားကန့်ဒေသခံများ ပြန်လည်ထူထောင်ရေးအတွက် အကူညီများလိုအပ်နေ

ဖားကန့်မြို့ တွင် ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့ပြီးနောက် ဒေသခံပြည်သူများ ပြန်လည်ထူထောင်ရေးအတွက် အကူညီများလိုအပ်နေကြောင်းသိရသည်။

ဗန်းမော်မြို့ရှိ ရေဘေးရှောင်များ နေရာထိုင်ခင်း အခက်အခဲဖြစ်နေ

ဗန်းမော်မြို့တွင် စစ်ဘေးရှောင်ပြည်သူ များပြားနေခြင်းကြောင့် ရေဘေးရှောင်များအတွက် နေရာထိုင်ခင်း မလုံလောက်သည့်အခက်ခဲကြုံနေရကြောင်းသိရသည်။

ဇွန်လတစ်လအတွင်း အရာရှိများအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀ ကျော် အလင်းဝင်သည်ဟု NUG ထုတ်ပြန်

ဇွန်လတစ်လအတွင်း တစ်နိုင်ငံလုံးအတိုင်းတာဖြင့် ဗိုလ်မှူး၊ ဗိုလ်ကြီးများအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် စစ်သားနှင့် ရဲ စုစုပေါင်း ၄၃ ဦး လက်နက်နှင့်အတူအလင်းဝင်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ယမန်နေ့ညကသတင်းထုတ်ပြန်ခဲ့သည်။

ဗန်းမော်မြို့တွင် မြစ်ရေအန္တရာယ်ရေမှတ်အနီးရောက်ရှိလာပြီး ဆက်လက်မြင့်တက်နေ

ဗန်းမော်မြို့ဧရာဝတီမြစ်ရေမှာ အန္တရာယ်ရေအမှတ်သို့နီးကပ်နေပြီးရေဆက်လက်မြင့်တက်နေကြောင်း သိရသည်။

မြစ်ကြီးနားမြို့တွင် ရေကြီးရေလျှံမှုကြောင့် လျှပ်စစ်မီးပုံမှန်ရရှိရန် ဆယ်ရက်ခန့်ကြာမြင့်နိုင်သေးသည်ဟုဆို

မြစ်ကြီးနားမြို့တွင် လွန်ခဲ့သည့်ရက်ပိုင်းအတွင်း ရေကြီးရေလျှံမှုဖြစ်ခဲ့သောကြောင့် ရပ်ကွက်အားလုံး လျှပ်စစ်မီးပုံမှန်အတိုင်းရရှိနိုင်ရန် ဆယ်ရက်ခန့်ကြာမြင့်နိုင်သေးကြောင်း သိရသည်။