Photos

ဖားကန့်ရဲစခန်းရှေ့ပစ်ခတ်ခံရသူ၏ အခြေအနေတိုးတက်ကောင်းမွန်လာ

ဖားကန့်ရဲစခန်းရှေ့တွင် မတ်လ ၁၉ ရက် ည ၈ နာရီခွဲ ခန့်က သေနတ်ဖြင့် ပစ်ခတ်ခံရသူသည် ဒဏ်ရာပြင်းထန်ခဲ့သော်လည်း လက်ရှိအချိန်တွင် အခြေအနေတိုးတက်ကောင်းမွန်လာပြီဟု သိရသည်။

တရားမျှတသော နိုင်ငံတော်ဖြစ်ပေါ်လာရေးအတွက်ဆုတောင်းခြင်းပြုလုပ်ခဲ့

မြန်မာနိုင်ငံ တရားမျှတသော နိုင်ငံတော် အမြန်ဆုံးဖြစ်ပေါ်လာစေရေးအတွက် မြစ်ကြီးနားဇုံနယ်ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော်များအဖွဲ့၊ အသင်းတော်အချို့ မှ ဆုတောင်းခြင်းအစီစဉ်ပြုလုပ်ကြောင်းသိရသည်။

မြစ်ကြီးနားမြို့ ဧရာဝတီမြစ်ကမ်းတစ်​နေရာတွင် R2P အားကြိုဆို​ကြောင်း၊ KIA အဖွဲ့ကို ​ထောက်ခံ​ကြောင်း ​ပြောက်ကျားလှုပ်ရှားမှုတစ်ခုကို မတ်လ ၂၀ရက်​နေ့၊ နေ့လည်ပိုင်းက ပြုလုပ်ခဲ့သည်။

မြစ်ကြီးနားအခြေစိုက်ကျောင်းသားသမဂ္ဂအင်အားစုများ ယနေ့ နံနက် ရန်ကြီးအောင်စျေးတွင် စစ်အာဏာရှင် ဆန့်ကျင်ကြောင်း သပိတ်ပြုလုပ် ၍ စျေးသူစျေးသားများအား သွေးမအေးသွားရန် နိူးဆော်

ရန်ကုန်မှအလှူရှင်များက စစ်​ရှောင်များအတွက် စား​သောက်ကုန်များ​ထောက်ပံ့

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ စစ်ရှောင်စခန်းများအတွက် ရန်ကုန်မြို့ မှ အလှုရှင်များ၏ အလှူများကို ယနေ့ မတ်လ ၁၉ ရက်နေ့တွင် သွား​ရောက် လှူဒါန်းပေးခဲ့ကြောင်း သွားရောက်လှူဒါန်းပေးခဲ့သူများထံမှ သိရသည်။

မော်တော်ယာဥ်တစ်စီး လမ်းလည်ကျွန်းကို ဝင်တိုက်

မြစ်ကြီးနားမြို့၊ မြေမြင့်ရပ်ကွက် မိုင်တဲကွေ့ တွင် မတ်လ ၁၉ရက်​နေ့၊ ည၈နာရီခွဲအချိန်ခန့်က အသက်၃၀ခန့် အရွယ် အမျိုးသားတစ်ဦးမောင်းနှင်လာသော crown​မော်​တော်ယာဥ်သည် လမ်းဘေးပလက်ဖောင်းဝင်တိုက်မှုဖြစ်ပွားခဲ့​သော်လည်း ထိခိုက်ဒဏ်ရာရမရရှိ​ကြောင်းသိရသည်။