ဖားကန့်ရဲစခန်းရှေ့ပစ်ခတ်ခံရသူ၏ အခြေအနေတိုးတက်ကောင်းမွန်လာ

ဖားကန့်ရဲစခန်းရှေ့တွင် မတ်လ ၁၉ ရက် ည ၈ နာရီခွဲ ခန့်က သေနတ်ဖြင့် ပစ်ခတ်ခံရသူသည် ဒဏ်ရာပြင်းထန်ခဲ့သော်လည်း လက်ရှိအချိန်တွင် အခြေအနေတိုးတက်ကောင်းမွန်လာပြီဟု သိရသည်။

ဖားကန့်ရဲစခန်းရှေ့ပစ်ခတ်ခံရသူ၏ အခြေအနေတိုးတက်ကောင်းမွန်လာ

 

သေနတ်ဖြင့်ပစ်ခတ်ခံရသူသည် ညာဖက် လက်မောင်းကျည်ဖောက်ထွက် ဒဏ်ရာရရှိကာ ဒဏ်ရာပြင်းထန်ရရှိခဲ့သည်ဟု လူနာရဲ့ အသိမိတ်ဆွေထံမှ သိရသည်။
“လူနာ အခြေအနေက အသက်အန္တာရယ် မစိုးရိမ်ရတော့ဘူး ၊ သူက ဆိုင်ကယ်နောက်က စီးတာဆိုတော့ ကျည်က နောက်ကျောကနေ ဖောက်ထွက်သွားတာ ၊ ​ရှေ့ကလူကတော့ ပေါက်ထွက်တဲ့ကျည် ရှပ်ရုံပဲ ရှပ်တာပေါ့”ဟု သူက ဆက်ပြောသည်။

ပစ်ခတ်ခံရသူမှာ အသက် (၃၀)ကျော် အရွယ် ကိုမှော်ကြီးဖြစ်ပြီး မော်ဝှမ်းရပ်ကွက်တွင်နေထိုင်သူ ဖြစ်ကာ ထီအရောင်းကိုယ်စားလှယ်လုပ်ကိုင်သူဖြစ်သည်ဟု သိရသည်။

သင့်ထင်မြင်ချက်ရေးပေးပါ