Multimedia

ကိုဗစ်၁၉ ရောဂါဖြင့် ယမန်နေ့က မင်္ဂလာဒုံစစ်ဆေးရုံတွင် ကွယ်လွန်သွားသူ DKBA စစ်ဦးချုပ် စောမူရှေး၏ နာရေးကို စစ်ကောင်စီခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဝမ်းနည်းကြောင်း ယနေ့မြန်မာ့အလင်းသတင်းစာမှတဆင့် ထုတ်ပြန်

မိုး​ကောင်းမြို့တွင် တစ်ရက်အတွင်း ကိုဗစ်​ကြောင့် ​ငါးဦးသေဆုံးပြီး ပိုး​တွေ့သူ ၂၄ ဦးထပ်တိုး

ကချင်ပြည်နယ်၊ မိုးကောင်းမြို့တွင် ကိုဗစ်​ ၁၉ ​ကပ်​ရောဂါကြောင့် ယ​နေ့ တစ်ရက်အတွင်း သေဆုံးသူ ငါးဦးနှင့် ပိုးတွေ့ရှိသူ ၂၄ ဦး ထပ်တိုးခဲ့သည်ဟု သိရသည်။

ကချင်ပြည်နယ် အစ္စလာမ့် လူငယ်များ ပရဟိတ ကွန်ယက်မှ အစားသောက်များသွားရောက်လှူဒါန်း

ကိုဗစ်ပိုးတွေ့လူနာများထားရှိရာ ဝိုင်းမော်အားကစားရံု၊ ဝိုင်းမော်ဆေးရုံ၊ ကန့်သတ်နယ်မြေသတ်မှတ်ထားသည့် မြစ်ကြီးနား မျက်မမြင်ကျောင်းနှင့် စီတာပူရပ်ကွက်ရှိ မိဘမဲ့ဂေဟာတွင် ကချင်ပြည်နယ် အစ္စလာမ့် လူငယ်များ ပရဟိတ ကွန်ယက်မှ အစားသောက်များသွားရောက်လှူဒါန်း  

ကသာတွင် စစ်ကောင်စီ၏ မော်တော်ယာဉ်တစ်စီးကို PDF များ မိုင်းခွဲတိုက်ခိုက်

စစ်ကိုင်းတိုင်း ကသာမြို့နယ်အဝင် ၅ မိုင်ကုန်းတွင် ယနေ့နံနက်စစ်ကောင်စီ၏ မော်တော်ယာဉ်တစ်စီးကို ဒေသခံ PDF များမှ မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ဖားကန့်မြို့နယ် ပြည်သူ့ဆေးရုံးကြီးကို ပြန်လည်ဖွင့်လှစ်

ဖားကန့်မြို့နယ် ပြည်သူ့ဆေးရုံကြီးကို ယနေ့ ဇူလိုင် ၂၁ ရက်နေ့၊ နံနက်ပိုင်းမှ စ၍ ပြန်လည်ဖွင့်ခဲ့ကြောင်း သိရသည်။

ဖားကန့်မြို့နယ် ရှဒူးဇွပ်တွင် သုံးရက်အတွင်း ကိုဗစ်ပိုးတွေ့လူနာ ၅၀ ဦးခန့်ရှိလာ

ကချင်ပြည်နယ်၊ လီဒိုလမ်းမပေါ်ရှိ ဖားကန့်မြို့နယ်၊ ရှဒူးဇွပ်ကျေးရွာတွင် သုံးရက်အတွင်း ကိုဗစ်၁၉ ပိုးတွေ့လူနာ ၅၀ ဦးခန့်ရှိလာပြီဖြစ်ကြောင်း သိရသည်။