COVID-19 Update

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ၊ ကချင်စုရပ်ကွက်မှ အသက် ၃၄ နှစ်အရွယ် အမျိုးသားတစ်ဦးတွင် ကိုဗစ် ၁၉ ပိုးတွေ့ကြောင်း သိရသည်။

အသက် ၃၄ နှစ်အရွယ် ပိုးတွေ့လူနာအမျိုးသားသည် နေပြည်တော်မှ မြစ်ကြီးနားသို့ ပြန်လာစဉ် ၂၈ ရက်နေ့က မန္တလေးတွင် ဆေးစစ်ရာမှ ပိုးတွေ့ရှိခဲ့ခြင်း ဖြစ်သည်ဟု အမည်မဖော်လိုသူ ရပ်ကွက်နေ ပြည်သူများထံမှ The 74 Media ကို ပြောသည်။
“သူက နေပြည်တော်ကနေ မန္တလေးကို ပြန်လာတာ၊ ၂၅ ရက်နေ့က ချောင်းဆိုးလာလို့ ဆေးခန်းပြတယ်တဲ့၊ ၂၈ ရက်နေ့ ဆေးစစ်တာ ပိုးတွေ့တယ်တဲ့၊ မန္တလေးမှာ ဆေးရုံး ၃ ခုမှာတောင် ပြပြီပေါ့၊ အဲ့ဒါ နေရာမရှိတော့လို့ မြစ်ကြီးနားပြန်လာတာပေါ့။ အခုက မြစ်ကြီးနားဆေးရုံကြီးမှာ” ဟု ပြောသည်။
ထိုအမျိုးသားသည် မန္တလေးမှ မြစ်ကြီးနားသို့ ကိုယ်ပိုင်ကားဖြင့် ပြန်လာခြင်းဖြစ်ပြီး ၎င်း၏နေအိမ်ကို ဝင်ရောက်ခဲ့ခြင်း မရှိကြောင်း သူက ဆက်ပြောသည်။
ဦးကြည်ချန့် အမည်ရှိ ထိုအမျိုးသားသည် ကချင်စုရပ်ကွက်တွင် ဓာတ်မြေသြဇာရောင်းဝယ်ရေးလုပ်ငန်း လုပ်ကိုင်သူ ဖြစ်ကြောင်းသိရသည်။

စစ်ကောင်စီ၏ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ချက်အရ ဇွန်လ ၂၀ ရက်နေ့မှ ၂၉ ရက်နေ့အထိ ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် ပိုးတွေ့လူနာ စုစုပေါင်း ၂၆ ဦး ရှိပြီဖြစ်သည်။

သင့်ထင်မြင်ချက်ရေးပေးပါ