ဗန်းမော်မြို့နယ် NLD အလုပ်အမှုဆောင်အဖွဲ့ဝင်ကို စစ်ကောင်စီဖမ်းဆီး

ကချင်ပြည်နယ် ဗန်းမော်မြို့နယ် NLD အလုပ်အမှုဆောင်အဖွဲ့ဝင် ဟိန်းဝင်းလတ် (ခေါ်) ကိုဝက်ကြီးအား ယနေ့ည ၇နာရီ ၁၅ မိနစ်ခန့်ကညောင်ပင်ရပ်နေအိမ်၌ရှိနေစဉ် ရဲများဝင်ရောက်ဖမ်းဆီးခေါ်ဆောင်သွားကြောင်း နီးစပ်သူများထံမှ သိရသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဟိန်းဝင်းလတ် (ခေါ်) ကိုဝက်ကြီးအား အဘယ်ကြောင့်ခေါ်ဆောင်သွားသည်ကို မသိရှိရသေးကြောင်း အမည်မဖော်လိုသူ နီးစပ်သူတစ်ဦးက The 74 Media ကိုပြောသည်။
“လတ်တလောကြားတာက သူအိမ်မှာနေတုန်း ရဲတွေလာဖမ်းသွားတာဟုတ်တယ်တဲ့။ သူ့မိသားစုဖုန်းပါသိမ်းထားတယ်။ ဘာကြောင့်ခေါ်သွားတယ်ဆိုတာတော့ မသိသေးဘူး” ဟုသူကပြောသည်။

ဟိန်းဝင်းလတ် (ခေါ်) ကိုဝက်ကြီးအား မည်သည့်နေရာသို့ ခေါ်ဆောင်သွားသည်ကို အတိအကျ မသိရသေးသော်လည်း စစ်တပ်သို့ခေါ်ဆောင်သွားနိုင်သည်ဟု ခန့်မှန်းနေကြသည်။

သင့်ထင်မြင်ချက်ရေးပေးပါ