KIA

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နှင့် နမ်ဖတ်ကာ ကျေးရွာအကြား နွမ်ဖလွမ်တောင်ကုန်းအနီး ယနေ့ မေလ ၂၆ ရက်နေ့ နံနက်ပိုင်းတွင် ကချင်လွတ်မြောက်ရေးတပ်နှင့် စစ်ကောင်စီတပ်များအကြား တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု သိရသည်။

အမည်မဖော်လိုသူဒေသခံတစ်ဦး၏ အဆိုအရ စစ်ကြောင်းဝင်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ကေအိုင်အေက တိုက်ခိုက်ခြင်းဖြစ်နိုင်သည်ဟု သိရသည်။

“တပ်ရင်း ၈ နေရာကို ဝင်လာလို့ တိုက်တာနဲ့တူတယ်၊ မနက် ၉ နာရီကျော်လောက်ကနေ ပစ်ကြတာ နွမ်ဖလွမ်တောင်ကုန်းနားမှာ၊ လမ်းဘေးမှာလေ” ဟု ပြောသည်။
ကွတ်ခိုင်မြို့ နမ်ဖတ်ကာကျေးရွာသည် ကေအိုင်အေ တပ်မဟာ ၄၊ တပ်ရင်း ၈ ထိန်းချုပ်နယ်မြေတွင်ရှိသည်။

Photo Credit – Myanmar Now

သင့်ထင်မြင်ချက်ရေးပေးပါ