ဖားကန့် မမုံ

ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ မမုံစံပြကျေးရွာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ သေနတ်ပစ်ဖောက်မှုများပြုလုပ်ပြီး လုံခြုံရေးကင်းစောင့်နေသော လူငယ်များအပါအဝင် ပြည်သူ ၇ ဦးထက် မနည်း ဖမ်းဆီးသွားကြောင်း သိရသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ ယမန်နေ့ မေလ ၂၄ ရက်နေ့၊ ည ၁၁ နာရီခွဲခန့်တွင် ရပ်ကွက်လုံခြုံရေး ပြုလုပ်ပေးနေသော လူငယ်များနှင့် လမ်းသွားလမ်းလာ ရေမဆေး ရှာဖွေသူများကို အကြောင်းမဲ့ ဖမ်းဆီးသွားကြောင်း အမည်မ​ဖော်လိုသူ ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။
“မမုံ ရွာထဲ စစ်ခွေးတွေ ဝင်လာပြီး ကင်းစောင့်နေတဲ့ လူငယ်တွေကို ဆွဲသွားပြန်ပြီ၊ သေနတ်သံတွေရော ကြားရတယ်၊ ကားတွေနဲ့ပတ်နေတာတွေကြားတယ်၊ အိမ်ရှေ့က တံခါးလာခေါက်လို့ အိမ်နောက်ပြေးခဲ့ရတယ်၊ဘယ်နှစ်ယောက်ပါသွားလဲတော့ အတိအကျမသိဘူး၊ ဂိတ်သံဆူးတွေပါ ရိုက်ဖြတ်သွားတာ” ဟုပြောသည်။
ဖမ်းဆီးခံရသူများနှင့်ပတ်သက်ပြီး မည်သူမည်ဝါဖြစ်​ကြောင်း မသိရှိရ​သေးပါ။

ဖားကန့်မြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ

လူအချို့၏ သတင်းပေးမှုများကြောင့် နေအိမ်ထဲ ဝင်ရောက်၍ မကြာခဏ လိုက်လံ ဖမ်းဆီးမှုများ ပြုလုပ်လျှက်ရှိသည်။

သင့်ထင်မြင်ချက်ရေးပေးပါ