နန်းမားမြို့

ကချင်ပြည်နယ် နန်းမားမြို့ရှိ မြို့မရန်အောင် ရပ်ကွက်မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးသွားသည့်ဇနီးမောင်နှံကို မေလ ၁၉ ရက်နေ့ ညနေ ၄ နာရီခန့်တွင် ပြန်လွှတ်ပေးလိုက်ပြီဖြစ်ကြောင်းသိရသည်။

ဦးသန်းစိုးနှင့် ဒေါ်ချောစု ဇနီးမောင်နှံကို စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ ဆန္ဒပြမှုတွင်ပါဝင်သည်ဟု စွပ်စွဲပြီး မေလ ၁၉ ရက် နံနက် ၆ နာရီခန့်တွင် နေအိမ်အတွင်း ဝင်ရောက် ဖမ်းဆီးခဲ့ပြီး ညနေ ၄ နာရီခန့်တွင် ပြန်လွတ်ပေးခြင်းဖြစ်ကြောင်း အမည်မဖော်လိုသူ ဒေသခံတစ်ဦးက The 74 Media ပြောသည်။
“လာဖမ်းတာတော့ အရပ်ဝတ်နဲ့ ဗိုလ်မှူးကိုယ်တိုင်လာဖမ်းတာတဲ့ အိမ်စီးကား လေးစီးနဲ့လာတာ ချက်ချင်း လက်ထိတ်ခတ်ပြီး ဖမ်းခေါ်သွားတယ် အဲ့အိမ်က လူတွေအကုန်လုံးရဲ့ ဖုန်းတွေယူသွားတာတဲ့ ပြီးတော့ မိုးညှင်းရဲစခန်းကိုခေါ်သွားတယ်၊ ခံဝန်ထိုးပြီး ညနေ ၄ နာရီလောက်မှာ ပြန်လွတ်လာပြီ” ဟုသူကပြောသည်။

မိုးညှင်းမြို့နယ်တွင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ဖမ်းဆီးထိန်းသိမ်းထားသည့် ပြည်သူ ၁၀ ဦးထက် မနည်း ရှိပြီဖြစ်သည်။

သင့်ထင်မြင်ချက်ရေးပေးပါ