ချင်းတွင်းမြစ်အတွင်း သင်္ဘောတစ်စင်း မီးရှို့ဖျက်ဆီးခံရ
မုံရွာမြို့၊ ဟုန်းမ္မလင်း ချင်းတွင်းမြစ်တွင် မေလ ၈ ရက်နေ့စစ်သင်တန်းပြန်လူငယ်များက စစ်ကောင်စီ၏ သင်္ဘောများကို သေနတ်များဖြင့် လိုက်လံပစ်ခတ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
စစ်သင်တန်းပြန် လူငယ်များက ချင်းတွင်းမြစ်ရေကြောင်းလမ်းတွင်ညနေပိုင်း ၆ နာရီခန့်တွင် စစ်ကောင်စီ၏ သင်္ဘောများကို တူမီးသေနတ်ဖြင့် လိုက်လံပစ်ခတ်ခဲ့ကြောင်း ဒေသခံတစ်ဦးက The 74 Media ကို ပြောသည်။
“မုံရွာ ဟုန်းမလင်း ချင်းတွင်းမြစ်ရေကြောင်းလမ်းမှာဟုတ်တယ်၊ စစ်သင်တန်းပြန် လူငယ်အယောက်၆၀၀ လောက်၊ တူမီးသေနတ်တွေနဲ့ စစ်ကောင်စီရဲ့ သင်္ဘော ၆ စီးကို လိုက်ပစ်တာ” ဟု သူက ပြောသည်။
စစ်ကောင်စီ၏ သင်္ဘောများသည် ထွက်ပြေးသွားခဲ့ပြီး စစ်သားတစ်ဦးပါသည့် သင်္ဘောတစ်စီးအား မီးရှို့ဖျက်ဆီးခဲ့ကြောင်း သူက ဆက်ပြောသည်။
သင်္ဘောပေါ်တွင်လိုက်ပါသူများ၏ ထိခိုက်ဒဏ်ရာရရှိမှုနှင့် သေဆုံးသူမည်မျှရှိကြောင်းကို မသိရှိရသေးပါ။
သင့်ထင်မြင်ချက်ရေးပေးပါ