ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ဝါးရှောင်ကျေးရွာအနီး စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ကေအိုင်အေတပ်ဖွဲ့များအကြား ယနေ့ညနေ ၄ နာရီခန့်၌ တိုက်ပွဲဖြစ်ပွားခဲ့သောကြောင့် အသက်၃၅ နှစ်အရွယ် အမျိုးသမီး တစ်ဦး သေဆုံးခဲ့သည်ဟုသိရသည်။

ဝါရှောင်ကျေးရွာ ဝေဘားတံတားအနီးတွင် အပြန်အလှန်ပစ်ခတ်ကြခြင်းဖြစ်ပြီး အိမ်ထဲ၌ ဇလုံဖြင့်ကာ၍ မြေတွင်ဝပ်နေသော အမျိုးသမီးတစ်ဦး နောက်စေ့မှန်၍ အသက်သေဆုံးခဲ့ခြင်းဖြစ်သည်ဟု မျက်မြင်တွေ့ တွေ့ရှိသူတစ်ဦးက The 74 Media ကိုပြောသည်။
” ဇလုံနဲ့ကာထားတာကို မြေမှာဝပ်နေတာ ဇလုံပေါက်ပြီးနောက်စေ့မှန်တာဟုတ်တယ်။ တစ်ချက်ပဲထိတာဟုတ်တယ်။ အမဲသားရောင်းတဲ့သူရဲ့ မိန်းမဟုတ်တယ်” ဟုပြောသည်။
သေဆုံးသူ၏အမည်မှာ ဒေါ်ခင်မြနှင်းဟုသိရပြီး သူမ၏ အလောင်းကို ဝိုင်းမော်မြို့နယ်ရင်ခွဲရုံတွင်ထားရှိကာ ရင်ခွဲစစ်ဆေးမည်ဟု သိရပြီး မနက်ဖြန် နံနက် ၁၁ နာရီတွင် အလောင်းလာယူရန် ဆေးရုံအုပ်ဒေါက်တာသိန်းမြို့က ပြောကြားထားသည်ဟု ဖြစ်စဉ်နှင့်နီးစပ်သူက ဆိုသည်။
ဝါးရှောင်ကျေးရွာအနီးရှိ ၁၃ မိုင်ဂိတ်ကို ဧပြီလ ၁၇ ရက်နေ့တွင် ကေအိုင်အေက တိုက်ခိုက်မှုများရှိခဲ့သလို ယနေ့နံနက်ပိုင်းက ဝါးရှောင်ကျေးရွာအနီး ဆီဘောက်ဆာကားတစ်စီး ပစ်ခတ်ခံခဲ့ရသည်။
Photo Credit – BBC World Service
သင့်ထင်မြင်ချက်ရေးပေးပါ