စစ်ကောင်စီများတပ်စွဲခဲ့သည့် လမ်းခွအထက်တန်းကျောင်း အနီးတွင် ပေါက်ကွဲသံများကြားရ
ကချင်ပြည်နယ် မိုးကောင်းမြို့နယ် နမ္မတီးမြို့ရှိ စစ်ကောင်စီများတပ်စွဲထားသည့် လမ်းခွကျေးရွာ အထက အနီးတွင် ပေါက်ကွဲသံများကြားရသည်ဟု ဒေသခံများထံမှ သိရသည်။
စစ်ကောင်စီများတပ်စွဲခဲ့သည့် လမ်းခွအထက်တန်းကျောင်း အနီးတွင် ပေါက်ကွဲသံများကြားရ

ယနေ့ည ၈ နာရီခွဲဝန်းကျင်၌ ပေါက်ကွဲသံနှစ်ချက်ထွက်ပေါ်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။
” အသံမိုင်းထင်တယ်။ ကျောင်းဘက်က အသံကြားလိုက်တာဟုတ်တယ်။ ၈ နာရီ မိနစ် ၃၀ လောက်မှာဖြစ်သွားတယ်။ ၂ ချက်ဟုတ်တယ်။ ၁ ချက်က အသံသေးပြီး နောက်တစ်ချက်က မြေကြီးတောင်တုန်ခါသွားတယ်” ဟုပြောသည်။
အထက လမ်းခွကျောင်းသည် လွန်ခဲ့သောလက စစ်ကောင်စီတပ်များ တပ်စွဲထားခဲ့‌သော နေရာဖြစ်သည်။
မေလ ၅ ရက်နေ့တွင်လည်း နမ္မတီးမြို့အထွက် ကျောက်တောင်အနီးတွင် စစ်ကောင်စီတပ်ကားနှစ်စီး မိုင်းခွဲခံခဲ့ရသည်။
သင့်ထင်မြင်ချက်ရေးပေးပါ