မြစ်ကြီးနားမြို့ အောက်မော်ဖောင်းကျေးရွာရှိ လေတပ်စခန်းအနီး ယနေ့ နိုဝင်ဘာ ၅ ရက် ည ၇ နာရီဝန်းကျင်ခန့်မှစတင်ကာ လက်နက်ကြီး လက်နက်ငယ်သံများ အဆက်မပြတ်ကြားရကြောင်းသိရသည်။

တစ်ဘက်တည်းပစ်ခတ်သည့် လက်နက်ကြီး လက်နက်ငယ်သံများသည် တစ်နာရီခန့်ကြာမြှင့်ခဲ့သည်ဟု အမည်မဖော်လိုသူ သတင်းရင်းမြစ်တစ်ဦးက The 74 Media ကိုပြောသည်။

“မြစ်ဆိပ်ဘက်က ထင်တယ် လက်နက်ကြီးသံကော သေနတ်သံကော ပါတယ် အရေအတွက်က မသိရဘူး တိုက်ပွဲဖြစ်တာတော့ မဟုတ်ဘူး မြစ်နဲ့နီးတဲ့ တပ်က ပစ်တာ မြစ်နဲ့နီးတာက လေတပ်စခန်းတစ်ခုဘဲ ရှိတယ် လျှောက်ပစ်နေတာလို့ပြောတယ်” ဟု သူကပြောသည်။

ထို့ပြင် လက်နက်ကြီး များ ပစ်ခတ်မှုများကို ပမ္မတီးကျေးရွာမှကြားရကြောင်း ဒေသခံတစ်ဦးက ဆက်ပြောသည်။

“လက်နက်ကြီးပစ်တာ လေး ငါးချက်လောက်တော့ရှိတယ် သေချာတော့ သတိမထားမိလိုက်ဘူး” ဟုသူကပြောသည်။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မြေမြင့်ရပ်ကွက်အတွင်းရှိ မြဝတီဘဏ်အနီးတွင် အောက်တိုဘာလ ၂၃ ရက်နေ့ တွင် ဗုံးပေါက်ကွဲခဲ့သည်။

ဓာတ်ပုံ – ပုံဟောင်းဖြစ်ပါသည်။ (Photo Credit – AFP/Getty Images)

================

လွတ်လပ်တဲ့သတင်းမီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ရန် နည်းများမဆိုလှူဒါန်းနိုင်ပါတယ်။ လှူဒါန်းလိုတယ်ဆိုရင် ဒီလင့်ခ်ကို နှိပ်ပါ – https://bit.ly/3vPLY7e

 

သင့်ထင်မြင်ချက်ရေးပေးပါ