ဖားကန့်မြို့နယ် အေးမြသာယာအုပ်စုတွင် တွေ့ရှိခဲ့သည့် မပေါက်ကွဲသေးသည့် လက်ပစ်ဗုံးတစ်လုံးကို ယမန်နေ့ မွန်းတည့် ၁၂ နာရီခန့်တွင် ရှင်းလင်းလိုက်ကြောင်းသိရသည်။

အများသုံးရေကန်အနီးတွင် ရေချိုးနေသည့် ကလေးငယ်တစ်ဦးက တွေ့ရှိခဲ့ပြီးနောက် ဒေသတွင်းရှိတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဝင်အချို့က လာရောက်ရှင်းလင်းပေးသွားခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။

“ကလေးတစ်ယောက်ကတွေ့လို့ ရွာထဲကိုလာပြောတာ ဘယ်သူလာထားသွားမှန်းတော့ မသိဘူး။လာရှင်းပေးသွားတာ စစ်တပ်ဘက်ကတော့မဟုတ်ဘူး” ဟုသူကပြောသည်။

ဖားကန့်မြို့နယ် အေးမြသာယာအုပ်စုအတွင်း ယခုကဲ့သို့ လက်ပစ်ဗုံးတွေ့ရှိခြင်းသည် ပထဆုံးအကြိမ်ဖြစ်ပြီး စစ်ကောင်စီအာဏာသိမ်းပြီးနောက်မှသာ တွေ့ရခြင်းဖြစ်ကြောင်း သူကဆက်ပြောသည်။

ဖားကန့်မြို့ မြို့မ ကျောက်တိုင်အနီးရှိ ပြည်သူတစ်ဦး၏ နေအိမ်ရှေ့တွင်လည်း မေလ ၂၈ ရက်နေ့က လက်လုပ်ဗုံးဟု ယူဆရသည့် အထုပ်တွ့ရှိပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များက လာရောက်ရှင်းလင်းခဲ့သည်။

================

လွတ်လပ်တဲ့သတင်းမီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ရန် နည်းများမဆိုလှူဒါန်းနိုင်ပါတယ်။ လှူဒါန်းလိုတယ်ဆိုရင် ဒီလင့်ခ်ကို နှိပ်ပါ – https://bit.ly/3vPLY7e

 

သင့်ထင်မြင်ချက်ရေးပေးပါ