မြစ်ကြီးနားမြို့ မြေမြင့်ရပ်ကွက်အတွင်းရှိ မြဝတီဘဏ်အနီးတွင် ယ​နေ့ည ၇နာရီအချိန်ခန့်က ဗုံးပေါက်ကွဲခဲ့ကြောင်းသိရသည်။

ဗုံး​ပေါက်ကွဲမှု​သည် အလွန်ကျယ်​လောင်ပြီး ​မြေကြီးပင်တုန်ခါသွား​ကြောင်း ရပ်ကွက်​နေပြည်သူတစ်ဦးက The 74 Media ကိုပြောသည်။

“အရမ်းနီးလို့ ပိုကျယ်တယ်။ ကြားဖူးတာတွေထက် အသံအရမ်းကျယ်တယ်။ မြေလည်း တုန်တယ်။ အဲ့မှာက စစ်သားအစောင့်အမြဲရှိတယ်” ဟုသူကပြောသည်။

ဗုံးပေါက်ကွဲမှုကြောင့် သေဆုံးထိခိုက်သူ/ရှိမရှိကို The 74 Media မှ အတည်ပြုနိုင်ခြင်းမရှိသေးပါ။

အဆိုပါ မြဝတီဘဏ်​ရှေ့တွင် ပြီးခဲ့သည့် ဧပြီလ ၁၉ ရက်​နေ့ကလည်း အသံမိုင်းနှစ်လုံးခွဲခံခဲ့ရ​ပြီး ယခုအကြိမ်သည် ဒုတိယအကြိမ်​မြောက် ဗုံးခွဲခံရခြင်းဖြစ်သည်။

ပုံ / မြစ်ကြီးနားမြို့မှ မြဝတီဘဏ်ကို​​တွေ့ရစဥ်။

==============

လွတ်လပ်တဲ့သတင်းမီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ရန် နည်းများမဆိုလှူဒါန်းနိုင်ပါတယ်။ လှူဒါန်းလိုတယ်ဆိုရင် ဒီလင့်ခ်ကို နှိပ်ပါ – https://bit.ly/3vPLY7e

 

သင့်ထင်မြင်ချက်ရေးပေးပါ