စစ်ကောင်စီလက်အောက်ခံ ဂွေထုအခြေစိုက် ဌာနေပြည်သူ့စစ်ခေါင်းဆောင် ၏ မြစ်ကြီးနားမြို့နေအိမ်တွင် ယနေ့ညနေ ၅ နာရီခွဲခန့်က အသံမိုင်းခွဲခံရကြောင်း သိရသည်။

မြစ်ကြီးနား၊ စီတာပူရပ်ကွက်ရှိ ပြည်သူ့စစ်ခေါင်းဆောင် ဦးလဆန်အောင်ဝါနေအိမ်တွင် အသံမိုင်းတစ်ချက်ပေါက်ကွဲခဲ့ခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးက The 74 Media ကို ပြောသည်။

“နောင်ရာနယ်မြေထဲမှာရှိတဲ့ သူ့ခြံဝင်းထောင့်မှာ ကွဲတာ၊ ဘာမှ ထိခိုက်တာတော့ မရှိဘူး၊ အသံထွက်တာတစ်ချက်ပဲ” ဟု သူက ပြောသည်။

အလားတူ တပ်ကုန်းရပ်ကွက်တွင်လည်း အသံမိုင်းတစ်လုံးပေါက်ကွဲခဲ့သည်ဟု အခြားဒေသခံတစ်ဦးထံမှ သိရသည်။

ဦးလဆန်အောင်ဝါသည် ၂၀၀၄ ခုနှစ်တွင် ကေအိုင်အေအဖွဲ့မှ ခွဲထွက်ခဲ့ပြီး ၂၀၀၉ ခုနှစ်တွင် ဌာနေပြည်သူ့စစ်ဖွဲ့စည်းကာ ဝိုင်းမော်မြို့နယ် ဂွေထုဒေသတွင် အခြေစိုက်လှုပ်ရှားလျက်ရှိသည်။

 

သင့်ထင်မြင်ချက်ရေးပေးပါ