စစ်ကောင်စီတပ်ဖွဲ့နှင့်ဖြစ်ပွား​သော တိုက်ပွဲအတွင်း ကျဆုံးခဲ့​သော KNDF တပ်ဖွဲ့ဝင်တစ်ဦးအား သင်္ဂြိုလ်

ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်ရှိ ကုန်းသာကျေးရွာနှင့်အနီးတစ်ဝိုက်ကျေးရွာများတွင် စစ်ကောင်စီ တပ်ဖွဲ့နှင့်ဖြစ်ပွား​သော တိုက်ပွဲအတွင်း ကျဆုံးခဲ့သော KNDF ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးအား ယနေ့မွန်းလွဲ တစ်နာရီက သင်္ဂြိုလ်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်ဖွဲ့နှင့်ဖြစ်ပွား​သော တိုက်ပွဲအတွင်း ကျဆုံးခဲ့​သော KNDF တပ်ဖွဲ့ဝင်တစ်ဦးအား သင်္ဂြိုလ်

ကျဆုံးခဲ့သူသည် အသက် ၂၀ အရွယ်ရှိကာ ဒေါရိုဟုအမည်ရပြီး သူ့သေဆုံးမှုအတွက် စိတ်မကောင်းဖြစ်ကြောင်း နီးစပ်သူတစ်ဦးက The 74 Media ကို ပြောသည်။

“ကျွန်တော်တို့လူကို ဆုံးရှုံးရတာက ကျွန်တော်တို့အတွက် နစ်နာတာပေါ့ဗျာ။ ဘယ်သူက ကိုယ့်လူနဲ့ အသက်ချင်း လဲချင်မလဲဗျာ။ မျိုးစေ့တစေ့ကျရင် အပင်ပြန်ပေါက်စမြဲဘဲ။ သူ့ဝိညာဉ် ငြိမ်းချမ်းခြင်းရှိပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်”ဟု ပြောသည်။

ဒေါရိုသည် ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့၏ တပ်ရင်း (၁) ဒုတပ်စုမှူးတစ်ဦးဖြစ်ကာ တိုက်ပွဲအတွင်း ပျောက်ဆုံးနေသည်မှာ သုံးရက်ခန့်ရှိနေပြီး ယနေ့နံနက်ပိုင်းက ရုပ်အလောင်းအား တွေ့ရှိခြင်းဖြစ်​ကြောင်း သူကပြောသည်။

ဒီးမော့ဆိုမြို့နယ်၊ ကုန်းသာကျေးရွာနှင့် ကျောက်ဆည်ကန်တို့တွင် ယ​မန်​နေ့က တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့မှ အင်အားထပ်ဖြည့်သော်လည်း ကျဆုံးမှုများပြားကာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော်အချို့ အသေးစားထိခိုက်မှုသာရှိခဲ့ကြောင်း KNDF က ထုတ်ပြန်ထားသည်။

သင့်ထင်မြင်ချက်ရေးပေးပါ