ဖယ်ခုံတွင် စစ်​ကောင်စီတပ်၏ ပစ်ခတ်မှု​ကြောင့် ပြည်သူနှစ်ဦး ကျည်ထိမှန်

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့တွင် ယနေ့ နေ့လယ် ၁၂ နာရီ​ကျော်မှစတင်ဖြစ်ပွားခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့နှင့် PDF တို့အကြား တိုက်ပွဲ​တွင် ပြည်သူနှစ်ဦး​ ကျည်ထိမှန်ခဲ့​ကြောင်းသိရသည်။

ဖယ်ခုံတွင် စစ်​ကောင်စီတပ်၏ ပစ်ခတ်မှု​ကြောင့် ပြည်သူနှစ်ဦး ကျည်ထိမှန်

စစ်ကောင်စီတပ်ဖွဲ့၏ ရမ်းသမ်းပစ်ခတ်မှုကြောင့် ပြည်သူနှစ်ဦးကျည်ထိမှန်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။

“စကစတွေ ဆင်းလာကြတယ်ကြားတာနဲ့ ဒေသခံ KNDF/PDF တွေလှုပ်ရှားကြတော့တာပါ။ အမြှောက်တပ်ရင်းက ပစ်ကူနေတာ။ သူတို့ရမ်းသမ်းပစ်ခတ်နေလို့ လက်ရှိပြည်သူနှစ်ဦး လေးနာရီကျော်မှာ ကျည်ထိထားတယ်။ နေအိမ်တွေမှာ လက်နက်ထိမှန်လို့ ပျက်စီးတာရှိပေမယ့် လက်ရှိတိုက်ပွဲက မပြီးသေးတော့ ပျက်စီးမှုအတိအကျတော့ ပြောလို့မရဘူးဗျ” ဟု ပြောသည်။

ကျည်ထိမှန်ခဲ့သူ ပြည်သူနှစ်ဦးမှာ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးဖြစ်​ကြောင်း သူက​ပြောသည်။

ဖယ်ခုံမြို့တွင် စက်တင်ဘာလ ၂၃ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့နှင့် PDF၊ KNDF တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့မှ ​သေဆုံးသူများခဲ့ကြောင်းလည်း သိရသည်။

သင့်ထင်မြင်ချက်ရေးပေးပါ