ကချင်ပြည်နယ် ဖားကန့်မြို့နယ် လဝါးကျေးရွာ

ကချင်ပြည်နယ် ဖားကန့်မြို့နယ် လဝါးကျေးရွာတွင် ယနေ့ စက်တင်ဘာလ ၂၈ ရက်နေ့ ညနေ ၃ နာရီခန့်က စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှုကြောင့် ပြည်သူတစ်ဦးကျည်ထိမှန်ခဲ့ကြောင်း သိရသည်။

ကချင်ပြည်နယ် ဖားကန့်မြို့နယ် လဝါးကျေးရွာ

စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဆိုင်ကယ်စီးနှင်းလာသူနှစ်ဦးကို ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး တစ်ဦးမှာ စိုးရိမ်ရသည့် အခြေအနေဖြစ်နေသည်ဟု ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။

“အခင်းကနေ ဝက်စာရှာပြီး ပြန်လာတဲ့ မိန်းမနဲ့ ယောကျ်ားကို ပစ်လိုက်တယ် ဆိုင်ကယ်စီးလာတဲ့ချိန် ယောကျ်ားက အခြေအနေ တော်တော်ဆိုးတယ် အူတောင်ထွက်တယ် မိန်းမလဲ တော်တော်ဆိုးတယ် မိန်းမက လက်မောင်းမှာထိတယ်။” ဟုသူကပြောသည်။

သေနတ်ကျည်ထိမှန်ခဲ့သူနှစ်ဦးကို လက်ရှိချိန်တွင် မြစ်ကြီးနားမြို့ရှိ စစ်ဆေးရုံသို့ခေါ်သွားပြီ ဖြစ်ကြောင်း သူကဆက်ပြောသည်။

အမျိုးသားမှာ ဗိုက်တွင် ကျည်ထိမှန်ခဲ့ပြီး အမျိုးသမီးဖြစ်သူသည် လက်တွင် ထိမှန်ခဲ့ကြောင်းသိရသည်။

တနိုင်မြို့သို့ ရိက္ခာပို့သည့် ယာဉ်တန်းကို လုံခြုံရေးယူရန်အတွက် ယနေ့ စက်တင်ဘာလ ၂၈ ရက်နေ့ နံနက်က စစ်ကောင်စီတပ်ဖွဲ့ဝင်အများအပြားသည် လဝါးကျေးရွာအနီးရှိ ခွန်ဆိုင်ယန်ကျေးရွာတွင် တပ်စွဲထားခဲ့သည်။

သင့်ထင်မြင်ချက်ရေးပေးပါ