မိုး​​မောက်မြို့တွင် မိုင်းကွဲ၊ တစ်ဦးထိခိုက်ဒဏ်ရာရ

ကချင်ပြည်နယ် မိုးမောက်မြို့နယ် အလင်းကောင်ရပ်ကွက်ရှိ လွယ်ဂျယ်လမ်းခွဲတွင် ယနေ့ နံနက် ၁၀ နာရီခန့်က မိုင်းပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မိုး​​မောက်မြို့တွင် မိုင်းကွဲ၊ တစ်ဦးထိခိုက်ဒဏ်ရာရ

ဆိုင်ကယ်တစ်စီးတွင် တပ်ဆင်ထားသည့် မိုင်းကို အဝေးထိန်းခလုပ်ဖြင့် ဖေါက်ကွဲခဲ့ခြင်း ဖြစ်နိုင်သည်ဟု ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။

“လွယ်ဂျယ်လမ်းခွဲ ကျောက်တိုင်းနာမှာ ဆိုင်ကယ်ထဲထည့်ပြီး ဖောက်ခွဲတာတဲ့ ရီမုတ်မိုင်း ဆိုင်ကယ်တောင် တစ်စစီ ဖြစ်သွားတာ။ အဲ့နားမှာ မော်တော်ပီကယ်ရုံးရှိတယ် စစ်သားက ကိုးယောက်လောက်နေထားတာ” ဟုသူကပြောသည်။

ပေါက်ကွဲချိန်တွင် အနီးရှိ သုံးဘီးယာဉ်မောင်းတစ်ဦး ထိခိုက်ဒဏ်ရာရရှိထားသည်ဟု သိရကြောင်း သူကဆက်ပြောသည်။

ကချင်ပြည်နယ် မိုးမောက်မြို့ရှိ အခြေခံအထက်တန်းကျောင်းတွင်လည်း ဇွန်လ ၂၂ ရက်နေ့က ဗုံးနှစ်လုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ကျောင်းမှ ဆရာမနှင့် ဝန်ထမ်းအချို့ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

သင့်ထင်မြင်ချက်ရေးပေးပါ