KIA ထိန်းချုပ်နယ်​မြေ မိုင်ဂျာယန်မြို့တွင် ကိုဗစ် ထိန်းချုပ်နိုင်ပြီ
ကချင်လွတ်လပ်ရေးတပ် KIA/KIO အဖွဲ့ထိန်းချုပ်နယ်မြေရှိ မိုင်ဂျာယန်မြို့တွင် ကိုဗစ်- ၁၉ ကူးစက် ရောဂါကို ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း ကိုဗစ်ကာကွယ်ထိန်းချုပ်ရေးကော်မတီအဖွဲ့ထံမှသိရသည်။

KIA ထိန်းချုပ်နယ်​မြေ မိုင်ဂျာယန်မြို့တွင် ကိုဗစ် ထိန်းချုပ်နိုင်ပြီ

မိုင်ဂျာယန်မြို့တွင် ကိုဗစ် ပိုး​​​​တွေ့ရှိသူ (၁၅၇၃) ဦးထဲမှ ရောဂါ ပျောက်ကင်း၍ ဆေးရုံဆင်းခွင့်ရရှိသူ (၁၃၇၉) ဦးထိ ရှိပြီး ပိုး​​တွေ့လူနာအသစ်များ ထပ်မံ မ​​​တွေ့ရှိ​ခဲ့ခြင်းဖြစ်သည်။
ယခုအချိန်တွင် ​ဆေးကုသခံယူနေသည့် လူနာ (၁၉၄) ဦးသာကျန်ရှိ​ပြီး စောင့်ကြည့်လူနာအဖြစ် ( ၂၆၇) ဦးကို ကုသပေးနေဆဲဖြစ်သည်။
ကိုဗစ် -၁၉ ရောဂါ ဆက်လက်ကုသခံယူနေဆဲ လူနာများ၏ ကျန်းမာရေးအခြေအနေမှာလည်း ကောင်းမွန်လျက်ရှိကြောင်း သိရသည်။
ကိုဗစ် ၁၉ ရောဂါ တွေ့ရှိမှု လျော့နည်းလာသည်နှင့်အမျှ မြို့တွင်း အသွားအလာ ကန့်သတ်ထားမှုများကိုလည်း ဖြေ​​လျှော့လိုက်ပြီဖြစ်ကြောင်း သိရသည်။
ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO/KIA) ထိန်းချုပ်နယ်မြေဖြစ်သည့် မိုင်ဂျာယန်မြို့တွင် ဇူလိုင် လ ၈ ရက်နေ့တွင် ကိုဗစ်၁၉ အတည်ပြုလူနာနှစ်ဦး စတင်တွေ့ရှိခဲ့သည်။
ကိုဗစ်-၁၉ ရောဂါပိုးကူးစက်မှုများကို ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ဇူလိုင်လ ၄ ရက်နေ့မှ စတင်ပြီး KIA ထိန်းချုပ်ရာနယ်မြေအတွင်းသို့ ဝင်ရောက်သည့်ဂိတ်များဖြစ်သည့် မိုင်ဆပ်ပါဂိတ်၊ ရှားမူကောင်ဂိတ်၊ နားရူဂိတ်နှင့် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် မိုင်ဂျာယန် ဂိတ်များအားလုံးကို လူအဝင်အထွက် ပိတ်လိုက်ပြီဖြစ်ကြောင်း KIO ကိုဗစ်-၁၉ ကာကွယ်တားဆီးရေး ကော်မတီက ထုတ်ပြန်ခဲ့သည်။
ပုံ/ ကိုဗစ်ပိုး စစ်​ဆေး​နေ​သော မိုင်ဂျာယန်ပြည်သူများ။
Photo : The Kachin Net
သင့်ထင်မြင်ချက်ရေးပေးပါ