Photo - ပုံဟောင်းဖြစ်ပါသည် (Credit to Reuters)
ရှမ်းပြည်နယ်မြောက်ပိုင်း မုံကိုးမြို့နယ်၊ နော့ဂိုကျေးရွာတွင် ယနေ့ဩဂုတ်လ ၃၁ ရက်နေ့၊ နံနက် ၇ နာရီခန့်မှ စတင်ပြီး နေရာအချို့တွင် စစ်ကောင်စီတပ်နှင့် ကိုးကန့် (MNDAA) တပ်များအကြား နှစ်ဖက်တိုက်ပွဲဖြစ်ပွားနေကြောင်းသိရသည်။

တိုက်ပွဲမှာ ယခုချိန်ထိ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ကြောင်း ဒေသခံတစ်ဦးက The 74 Media ကို ပြောသည်။
“မနက်ကတည်းနေပစ်နေတာ၊ ခုထိလည်း အသံတွေကြားနေရသေးတယ်” ဟု သူကပြောသည်။
ယနေ့ တိုက်ပွဲနှင့်ပတ်သက်ပြီး အထိအခိုက် ရှိမရှိကို The 74 Media က ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။
ရှမ်းပြည်နယ်မြောက်ပိုင်း မုံကိုးမြို့နယ်၊ မုံကိုး ဖောင်းဆိုင်ဒေသ မန်ခွမ် အနီးတွင် သြဂုတ်လ ၂၈ ရက်နေ့က စစ်ကောင်စီတပ်များနှင့် KIA ၊ ကိုးကန့်ပူးပေါင်းတပ်တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ရာဂဏန်းနီးပါး သေဆုံးကြောင်း ဒေသခံများက ပြောသည်။
Photo – ပုံဟောင်းဖြစ်ပါသည် (Credit to Reuters)
သင့်ထင်မြင်ချက်ရေးပေးပါ