ကောလင်းတွင် စစ်ကောင်စီတပ်၏ စစ်ကားငါးစီးကို PDF များမိုင်းဆွဲတိုက်ခိုက်၊ စစ်ကောင်စီတပ်များအကျအဆုံးများနိုင်ကြောင်း ဒေသခံများပြော
စစ်ကိုင်းတိုင်း ကောလင်းမြို့နယ်၊ ပဒုမ္မာရွာနှင့် ကျွန်းတောရွာကြား ရွှေဘို – မြစ်ကြီးနား ကားလမ်းပေါ်တွင် ယနေ့နံနက် ၁၀ နာရီခန့်က စစ်ကောင်စီယာဉ် ၅ စီး မိုင်းခွဲတိုက်ခိုက်ခံရကြောင်း သိရသည်။

ကောလင်းတွင် စစ်ကောင်စီတပ်၏ စစ်ကားငါးစီးကို PDF များမိုင်းဆွဲတိုက်ခိုက်၊ စစ်ကောင်စီတပ်များအကျအဆုံးများနိုင်ကြောင်း ဒေသခံများပြော

 

စစ်ကောင်စီတပ်၏ မော်တော်ယာဉ် ၅ စီကို ကောလင်း PDF များက မိုင်းခွဲတိုက်ခိုက်ခဲ့ပြီး စစ်သား ၄၀ ဦးခန့်သေဆုံးနိုင်သည်ဟု ခန့်မှန်ကြောင်း အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။
“ကျောင်းကုန်းကျေးရွာနဲ့ ထီးချိုင့်လမ်းမှာ လုံခြုံရေးယူထားတဲ့ စကစကား ငါးစီး ကောလင်းဘက်ကိုသွားတာ ပဒုမ္မာနဲ့ ကျွန်းတောကြားမှာ ဟုတ်တယ် မိုင်းခွဲခံရတာ ၄ စီးမိုင်းထိတယ်။ စစ်သားတော့ ၄၀ လောက် ကျနိုင်တယ်” ဟု သူကပြောသည်။
မိုင်းခွဲ တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်မှ ရမ်းသမ်းပစ်ခတ်မှုများ ပြုလုပ်ခဲ့ကြောင်း သူကဆက်ပြောသည်။
ကောလင်းမြို့နယ်တွင် ကောလင်း (ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့) PDF များက စစ်ကောင်စီတပ်၏ ယာဉ်တန်းကို မကြာခဏ မိုင်းခွဲတိုက်ခိုက်လျက်ရှိသည်။
Photo : ကောလင်းမြို့နယ်အတွင်း ဇူလိုင်လ ၄ ရက်နေ့တွင် မိုင်းခွဲတိုက်ခိုက်ခဲ့ရသည့် စစ်ကောင်စီကားတစ်စီးကို မြင်တွေ့ရစဉ်
သင့်ထင်မြင်ချက်ရေးပေးပါ