အာဏာသိမ်းပြီး ၆ လအကြာ ထီလက်မှတ်စောင်ရေ ရောင်းချနိုင်မှုအနည်းဆုံးသို့ ကျဆင်းလာ

စစ်ကောင်စီက အကြမ်းဖက်အာဏာသိမ်းပြီး ခြောက်လအကြာ ကျပ်တစ်ထောင်တန် အောင်ဘာလေထီလက်မှတ် ရောင်းချနိုင်မှု အနည်းဆုံးသို့ ကျဆင်းသွားခဲ့သည်။

မြန်မာ့အလင်းသတင်းစာတွင် ယနေ့ထုတ်ပြန်ကြေညာချက်အရ ၂၉ ကြိမ်မြောက် ၁၀၀၀ ကျပ်တန် အောင်ဘာလေထီလက်မှတ်ရောင်းရငွေမှာ ကျပ်သန်း ၁၄၅၆.၁၅၀ ဖြစ်ပြီး စစ်အာဏာသိမ်းပြီးနောက်ပိုင်း အနည်းဆုံးဖြစ်သည်။

အာဏာသိမ်းပြီး ၆ လအကြာ ထီလက်မှတ်စောင်ရေ ရောင်းချနိုင်မှုအနည်းဆုံးသို့ ကျဆင်းလာ

 

ထီလက်မှတ်ရောင်းချရငွေများမှာ ၂၈ ကြိမ်မြောက်တွင် ကျပ်သန်း (၂၀၄၄.၄၃၀)၊ ၂၇ ကြိမ်မြောက်တွင် ကျပ်သန်း (၂၆၂၃.၃၄၀)၊ ၂၆ ကြိမ်မြောက်တွင် ကျပ်သန်း (၂၀၅၃.၄၈၀)နှင့် ၂၅ ကြိမ်မြောက်တွင် ကျပ်သန်း (၃၀၉၉၉.၆၅၀) ရရှိခဲ့သည်။
စစ်အာဏာမသိမ်းမီ ဇန်နဝါရီလအတွင်း ထီလက်မှတ်စုစုပေါင်း (၃၃၅၄၅၃၈) ကို ကုန်စင်အောင် ရောင်းချနိုင်ခဲ့ပြီး ဝယ်လိုအားမြှင့်တက်ခဲ့သဖြင့် ထီလက်မှတ်အစောင်ရေ (၈၁၈၁၈) ကို ထပ်မံရောင်းချခဲ့ရပြီး ထီလက်မှတ်များ အားလုံးရောင်းချနိုင်ခဲ့ကာ ထီလက်မှတ်ရောင်းရငွေ ကျပ်သန်း (၃၄၃၆၃.၅၆၀) ရရှိခဲ့သည်။
စစ်ကောင်စီက အကြမ်းဖက်အာဏာစတင်ရယူသည့် ဖေဖော်ဝါရီလနှင့် အာဏာမသိမ်းမီ ဇန်နဝါရီလအကြား ထီလက်မှတ်ရောင်းချရမှု များစွာကွာဟမှုမရှိခဲ့သော်လည်း မတ်လမှစတင်ကာ တဟုန်ထိုးကျဆင်းသွားခဲ့သည်။
ဇူလိုင်လအတွင်းထီလက်မှတ်ရောင်းချရငွေကို စစ်အာဏာမသိမ်းမီ ဇန်နဝါရီလအတွင်းထီလက်မှတ်ရောင်းချငွေနှင့် နှိုင်းယှဉ်ပါက ၄.၂ ရာခိုင်နှုန်းသာရှိသည်။

(၂၉) ကြိမ်မြောက် ကျပ် ၁၀၀၀ တန် အောင်ဘာလေသိန်းဆုဖွင့်ပွဲကို ဩဂုတ်လ ၁ ရက်နေ့တွင် ပြုလုပ်မည်ဖြစ်ပြီး အထူးဆုကြီးအဖြစ် ကျပ်သိန်း ၅၀၀၀ တစ်ဆု ချီးမြှင့်မည်ဖြစ်သည်။

သင့်ထင်မြင်ချက်ရေးပေးပါ