မိုးကောင်းမြို့

ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ် မိုးကောင်းရဲစခန်းရှိ အချုပ်သား လေးဦးတွင် ဇူလိုင် ၂၈ ရက်နေ့တွင် ကိုဗစ်၁၉ ပိုး စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရသည်။

ပိုးတွေ့ရှိသည့် အချုပ်သား လေးဦးသည် ယခုလတွင် အချုပ်ကျသူများဖြစ်ပြီး လက်ရှိချိန်တွင် သီးသန့်ခွဲထားကြောင်း ရဲစခန်းနှင့် နီးစပ်သူတစ်ဦးက The 74 Media ကို ပြောသည်။

“သူတို့က ဒီလထဲမှာ ကျတာပေါ့၊ ကျတဲ့သူတွေထဲက ကိုးယောက်ထဲမှာ တစ်ယောက်က အနံ့ပျောက်သွားလို့ စစ်တဲ့အချိန်မှာ Positive ပြသွားတာ အဲ့တာနဲ့ ကိုးယောက်လုံး စစ်လိုက်တော့ လေးယောက်မှာ တွေ့တယ်၊ အဲ့တာ အဲ့လေးယောက်ကို သီးသန့် အချုပ်ခွဲပြီးထားတယ်” ဟုပြောသည်။
မိုးကောင်းရဲစခန်းတွင် တာဝန်ထမ်းဆောင်နေသည့် ရဲများကို ပိုးစစ်ဆေးခြင်း မရှိသေးကြောင်းသူကဆက်ပြောသည်။
ပိုးတွေ့ အချုပ်သားလေးဦးသည် အချုပ်တွင်သာ ဆေးကုသမှုခံယူနေကြောင်း သိရသည်။

စစ်ကောင်စီ၏ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ထုတ်ပြန်ချက်အရ ကိုဗစ်၁၉ တတိယလှိုင်းတွင် မိုးကောင်းမြို့နယ်၌ ပိုးတွေ့လူနာ စုစုပေါင်း ၅၁၂ ဦး ရှိသည်။

သင့်ထင်မြင်ချက်ရေးပေးပါ