Breaking News 47 Media

ကချင်လွတ်မြောက်ရေးတပ် (KIO) ဌာနချုပ်တည်ရှိရာ လိုင်ဇာမြို့အနီး ယနေ့ ဇူလိုင်လ ၃၀ ရက် နံနက် တစ်နာရီခန့်တွင် လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။

လက်နက်ကြီး နှစ်ချက်ထက် မနည်း ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးက The 74 Media ကို ပြောသည်။
“လက်နက်ကြီးကျတာ နှစ်ချက်လောက်ရှိပြီ၊ ပထမတစ်ချက်နဲ့ ဒုတိယတစ်ချက် အချိန်သိပ်မကွာဘူး၊ ညသန်းခေါင်ဆိုတော့ လိုင်ဇာမြို့ပေါ်က အသံတော်တော်ကျယ်တာကြားရတယ်” ဟု ဆိုသည်။

စစ်ကောင်စီတပ်များက လိုင်ဇာမြို့အနီး လက်နက်ကြီးဖြင့် ပစ်ခတ်လေ့ရှိပြီး ဇွန်လ ၂၃ ရက် ညပိုင်းတွင်လည်း လိုင်ဇာနှင့် မိုင်ဂျာယန်မြို့ပတ်ဝန်းကျင်အနီး လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

သင့်ထင်မြင်ချက်ရေးပေးပါ