ဝိုင်းမော်အခြေစိုက် ခ.လ.ရ (၅၈) အနီး ပစ်ခတ်မှုဖြစ်၊ ကုမ္ပဏီလုပ်သားတစ်ဦး လက်နက်ကြီးကျည် ထိမှန် သေဆုံး

ကချင်ပြည်နယ် ဝိုင်းမော်မြို့အခြေစိုက် စစ်ကောင်စီ၏ ခြေလျင်တပ်ရင်း (ခ.လ.ရ) ၅၈ တပ်ရင်းတွင် ဇူလိုင် ၂၉ ရက်ည ၁၀ နာရီ ၄၅ မိနစ်ခန့်မှ စတင်ကာ ပစ်ခတ်မှုဖြစ်ပွားခဲ့သည်ဟု သိရသည်။

သေနတ်သံနှင့် လက်နက်ကြီးသံများ အဆက် မပြတ်ကြားရပြီး တိုက်ပွဲဟုတ်၊ မဟုတ် မသိကြောင်း မဒိန်ကျေးရွာနေ ပြည်သူတစ်ဦးက ပြောသည်။
“၅၈ က အသံကြားရတာ၊ အချက်ရေ ၁၀၀ ကျော်မယ်၊ ကေအိုင်အေတိုက်တာလား၊ သူ့ဖာသာကြောက်လို့ပစ်တာလားတော့ မသိဘူး၊ ညဆိုတော့ မမြင်ရဘူး၊ ထွက်လည်းမကြည့်ရဲဘူး” ဟု သူက ပြောသည်။

ဝိုင်းမော်အခြေစိုက် ခ.လ.ရ (၅၈) အနီး ပစ်ခတ်မှုဖြစ်၊ ကုမ္ပဏီလုပ်သားတစ်ဦး လက်နက်ကြီးကျည် ထိမှန် သေဆုံး

 

အဆိုပါပစ်ခတ်မှုများကြောင့် လဘန်ကျေးရွာရှိ KEP ကုမ္ပဏီဝင်းအတွင်း လက်နက်ကြီးကျရောက်ပေါက်ကွဲပြီး အလုပ်သမားနှစ်ဦး ကျည်ဆံထိမှန်ကာ တစ်ဦးသေဆုံးသွားသည်ဟု သိရသည်။
“KEP ကုမ္ပဏီဝင်းထဲ လက်နက်ကြီးကျတာ၊ ထိတာ နှစ်ယောက်ကိုထိတာ၊ တစ်ယောက်ကသေပြီ၊ သေတဲ့သူက အသက် ၃၀ ကျော်အရွယ် အလုပ်သမားပါ” ဟု အလုပ်သမားတစ်ဦး၏ ဆွေမျိုးဖြစ်သူက ပြောသည်။

ပစ်ခတ်မှုဖြစ်ပွားသည့် ခ.လ.ရ (၅၈) သည် ဝိုင်းမော်-ချီဖွေ လမ်းမကြီးဘေးတွင် တည်ရှိသည်။

သင့်ထင်မြင်ချက်ရေးပေးပါ