Breaking News 47 Media

ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် ယနေ့ည ၁၀ နာရီ ၄၅ မိနစ်ခန့်မှ စတင်ကာ သေနတ်သံနှင့် ဗုံးသံများ အဆက်မပြတ်ကြားနေရသည်ဟု သိရသည်။

သေနတ်သံများသည် တိုက်ပွဲကြောင့် သို့မဟုတ် တစ်ဖက်တည်း ပစ်ခတ်မှုကြောင့်ဆိုသည်ကို မသိရဘဲ ဆက်တိုက်ထွက်ပေါ်နေသည်ဟု ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။

“အသံတော်တော် ကျယ်တယ်၊ ဆက်တိုက်ပဲ၊ ကျွန်မတို့ ရွှေစက်ကနေ အကျယ်ကြီးကြားရတယ်” ဟု သူက ပြောသည်။
အဆိုပါအသံများကို မြစ်ကြီးနားမြို့ပေါ်ရှိရပ်ကွက်အချို့တွင်ကြားရပြီး ဖေ့စ်ဘုတ်လူမှုကွန်ရက် စာမျက်နှာများတွင် ဝိုင်းမော်အခြေစိုက် စစ်ကောင်စီတပ်ရင်း ၅၈ တွင် တိုက်ပွဲဖြစ်နေသည်ဟ​ု ရေးသားဖော်ပြနေကြသော်လည်း သီးခြားအတည်ပြုနိုင်ခြင်းမရှိပါ။
သေနတ်သံနှင့် ဗုံးသံများ မည်သည့်နေရာမှ ထွက်​ေပါ်နေသည်ကို The 74 Media က စုံစမ်းနေဆဲဖြစ်သည်။

ဆက်လက်ဖော်ပြပါမည်။

သင့်ထင်မြင်ချက်ရေးပေးပါ