အပစ်ရပ်မှုတစ်လ ထပ်တိုးကြောင်း စစ်ကောင်စီကြေညာ

စစ်ကောင်စီတပ်၏ စစ်ရေးဆိုင်ရာလှုပ်ရှားမှုများကို မေလ ၁ ရက်မှ ၃၁ ရက်အထိ ထပ်မံရပ်ဆိုင်းမည်ဟု ယနေ့ထုတ် မြန်မာ့အလင်းသတင်းစာတွင် ကြေညာခဲ့သော်လည်း ကချင်ပြည်နယ် မိုးမောက်မြို့နယ်တွင် ဂျက်လေယာဉ်ဖြင့် အပြင်းအထန် တိုက်ခိုက်နေသည်။

အပစ်ရပ်မှုတစ်လ ထပ်တိုးကြောင်း စစ်ကောင်စီကြေညာ

 

အပစ်ရပ်မည်ဟု ကြေညာထားသော်လည်း မိုးမောက်မြို့နယ် မြို့သစ်ကျေးရွာ၊ စီဟတ်ကျေးရွာနှင့် ကုန်းလောကျေးရွာများတွင် ဂျက်လေယာဉ်များ၊ ရဟတ်ယာဉ်များနှင့် အမြောက်များဖြင့် အကြိမ်ကြိမ်ပစ်ခတ်ခဲ့သည်မှာ ၇ ရက်မြောက်ရှိပြီဖြစ်သည်။

ထို့အပြင် ထိုင်းနိုင်ငံနယ်စပ်ရှိ ကရင်ရွာများကို စစ်ကောင်စီတပ်က ယခုတစ်ပတ်အတွင်း တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် ဒေသခံကရင်လူမျိုးများ ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။

သင့်ထင်မြင်ချက်ရေးပေးပါ