ဟိုပင်2

ကချင်ပြည်နယ်၊ ဟိုပင်မြို့နယ်၊ တကွင်းကျေးရွာတွင်

စိတ်ကျန်းမာ​ရေးချို့ယွင်း​နေ​သော အသက် ၃၀ ကျော်အရွယ် အမျိုးသားတစ်ဦးကို စစ်ကောင်စီတပ်မှ ပစ်ခတ်ခဲ့​​သောကြောင့် ဝမ်းဗိုက်တွင် ကျည်ထိမှန်ခဲ့​ကြောင်း ဒေသခံများထံမှ သိရသည်။

ပစ်ခတ်ခံခဲ့ရ​သော အဆိုပါအမျိုးသားမှာ ယ​နေ့ နေ့လည် ၂ နာရီခန့်က စစ်​ကောင်စီ၏ တပ်ရင်း ၄၀ အနီးတွင် ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက The 74 Media ကို ပြောသည်။
“မြက်ရိတ်နေတဲ့အချိန် စစ်သားက ရပ်ခိုင်းတာ အဲ့တာကို သူက ကြောက်လို့ထွက်ပြေးတာ၊ ထွက်ပြေးတာကို စစ်သားက အနောက်ကနေ သေနတ်နဲ့လိုက်ပစ်တာ” ဟု ပြောသည်။
ပစ်ခတ်ခံရ​​သော အဆိုပါအမျိုးသားမှာ စိတ်ကျန်းမာ​ရေးချို့ယွင်း​နေသူတစ်ဦးပြီး ယခုအချိန်တွင် ကချင်ပြည်နယ်ရှိ ​ဆေးရုံတစ်ရုံတွင် ဆေးကုသမှုခံယူနေ​ကြောင်း သူက ဆက်​ပြောသည်။
​အဆိုပါ အမျိုးသား၏ ဒဏ်ရာပြင်းထန်မှုရှိ/မရှိကိုမူ The 74 Media က ဆက်လက်စုံစမ်း​နေသည်။

​ယမန်နေ့ည ၇ နာရီဝန်းကျင်ခန့်က ဟိုပင်ဂေါက်ကွင်းရှေ့ရှိ တပ်ရင်း ၄၀၏ အရှေ့အနီးတစ်ဝိုက်တွင် စစ်ကောင်စီမှ ပစ်ခတ်မှုများရှိခဲ့ကြောင်းသိရသည်။

သင့်ထင်မြင်ချက်ရေးပေးပါ