စစ်ကောင်စီက လေယာဉ်ဖြင့်ဗုံးကြဲသောကြောင့် ကေအိုင်အေစစ်သားတစ်ဦးကျဆုံး၊ တစ်ဦးဒဏ်ရာရ
ကချင်ပြည်နယ်၊ တနိုင်းမြို့၊ တရူးကျေးရွာတွင် ဇွန်လ ၂ ရက်နေ့ ညနေ ၅နာရီ ၂၅ မိနစ်ခန့်က စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံးကြဲခဲ့သောကြောင့်
KIA တပ်သားတစ်ဦး ကျဆုံးခဲ့ပြီး တစ်ဦးဒဏ်ရာရရှိသည်ဟု ဒေသခံများထံမှ သိရသည်။

 

စစ်ကောင်စီတပ်က တိုက်လေယာဉ်ဖြင့် နှစ်ကြိမ်လာရောက် ဗုံးကြဲခဲ့ပြီး ဒဏ်ရာရစစ်သည်နှစ်ဦးကို ဆေးရုံပို့စဉ်
တစ်ဦးကျဆုံးသွားသည်ဟု ဒေသခံတစ်ဦးက The 74 Media ကို ပြောသည်။
“တစ်ယောက်ကျသွားတာပေါ့၊ တုန်မဏီဆေးရုံကို ဆေးကုဖို့သွားတဲ့လမ်းမှာပဲ ဆုံးသွားတာ၊
သူတို့ကတော့ ဂျက်ဖိုက်တာနဲ့ လက်နက်ကြီးတွေလာချတာပေါ့” ဟု ပြောသည်။
လက်နက်ကြီးပစ်ချခံသည့်နေရာသည် လူမနေသော ရွာဟောင်းဖြစ်သည့်အတွက် ပြည်သူများထိခိုက်ဒဏ်ရာရရှိခြင်းမရှိကြောင်း သူကဆက်ပြောသည်။
စစ်ကောင်းစီတပ်မှ မေလ ၂၉ ရက်နေတွင်လည်း လေယာဉ်ဖြင့် ငါးကြိမ်လာရောက်ဗုံးကြဲခဲ့ပြီး တရူးကျေးရွာရှိ အခြေခံပညာကျောင်းတွင် လက်နက်ကြီးကျ၍ မီးလောင်ပျက်စီးခဲ့သည်။
– မေလ ၂၉ ရက်နေ့က အခြေခံပညာကျောင်းတွင် လက်နက်ကြီးကျ၍ မီးလောင်နေပုံဖြစ်သည်။
သင့်ထင်မြင်ချက်ရေးပေးပါ