ကချင်ပြည်နယ်မြို့နယ်အချို့တွင် ကချင်လွတ်မြောက်ရေးတပ် (KIA) နှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအကြား တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့သည်ဟု သိရသည်။

ဒေ့ါဖုန်းယန်မြို့နယ်ခွဲ ကေအိုင်အေလှုပ်ရှားတပ်မဟာ (၁)၊ တပ်ရင်း ၂၅၃ နယ်မြေအတွင်းသို့ စစ်ကောင်စီ၏ ခလရ ၅၆ တပ်ရင်းမှ စစ်သားများ ဝင်ရောက်လာသဖြင့် ယနေ့ဇွန်လ ၃ ရက် နံနက် ၆ နာရီမှ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု သိရသည်။
ထို့အပြင် အူထန်ယန်ကျေးရွာနှင့် ဒေ့ါဖုန်းယန်မြို့နယ်အကြား စစ်ကောင်စီ၏ တပ်မ ၈၈ တပ်ဖွဲ့ဝင်များနှင့် ကေအိုင်အေ တပ်မဟာ ၅၊ တပ်ရင်း ၁၉ တပ်ဖွဲ့ဝင်များအကြား ယနေ့ ဇွန်လ ၃ ရက် နံနက် ၉ နာရီခွဲမှ စတင်ကာ တိုက်ပွဲဖြစ်ပွားခဲ့သည်။
တနိုင်းမြို့နယ်၊ တရူးကျေးရွာအနီး စစ်ကောင်စီ၏ ခလရ ၂၂၉ တပ်ရင်းနှင့် ကေအိုင်အေ တပ်မဟာ ၂၊ တပ်ရင်း ၁၄ တပ်ဖွဲ့ဝင်များအကြား ယမန်နေ့ညနေ ၅ နာရီခွဲခန့်မှစတင်ကာ တိုက်ပွဲဖြစ်ပွားခဲ့သည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များက တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် ကေအိုင်အေတပ်ဖွဲ့ဝင်တစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့သည်။ (သတင်းကို သီးခြားဖော်ပြပြီး ဖြစ်ပါသည်။)

Photo Credit – Irrawaddy

သင့်ထင်မြင်ချက်ရေးပေးပါ