ဆိုင်သိမ်းပြီး အိမ်ပြန်လာစဉ် အဖမ်းခံရသည့် အမျိုးသမီးကို မိသားစုနှင့် တွေ့ခွင့်မပေး
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် မတ်လ (၇)ရက်နေ့ နံနက်(၁၀)နာရီဝန်းကျင်တွင် စီတာပူဈေးမှ ဆိုင်သိမ်းပြီး အိမ်ပြန်ချိန် ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးခဲ့သည့်အမျိုးသမီးကို ၁၀ ရက်ကျော်ကြာသည့်တိုင် မိသားစုနှင့် တွေ့ခွင့်မပေးကြောင်းသိရသည်။