ကျောင်းအုပ်ဆရာများ၏ မွမ်းမံသင်တန်းတွင် တက်ရောက်သူ ၄၀ ကျော်ရှိ

ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ်အတွင်းရှိ အထက်တန်း၊ အလယ်တန်း ကျောင်းများမှ ကျောင်းအုပ်ဆရာ၊ ဆရာမကြီးများ၏ စွမ်းရည်မြှင့်သင်တန်းတွင် ပါဝင်တက်ရောက်နေသည့် ဆရာ၊ဆရာမ စုစုပေါင်း ၄၀ ကျော်ရှိသည်ဟု သိရသည်။

မြစ်ကြီးနားမြို့ရှိ အမှတ် ၉ ကျောင်းတွင် မတ်လ ၁၇ ရက်မှစတင်ကာ ၃ရက်သာ သင်တန်းပို့ချနေသည်ဖြစ်ရာ မြစ်ကြီးနားမြို့နယ်အတွင်းရှိ တက်ရောက်သူ ဆရာ၊ဆရာမ ၄၀ကျော်ရှိပြီး သင်တန်းမတက်ရောက်သည့် ကျောင်း ၃ကျောင်း ရှိသည်ဟုသင်တန်းတွင်ပါဝင်သည့် ကျောင်းအုပ်ဆရာတစ်ယောက်က The 74 Media ကိုပြောသည်။
“အခုကတော့ မြို့နယ်အလိုက်လုပ်တာဟုတ်တယ်၊ ဒါပေမဲ့ ချီဖွေ၊ ဆော့လော်၊ တနိုင်းလည်းလာတက်တယ်၊ သင်တန်းဆရာ၊ ဆရာမ ကတော့၄၀ ကျော်ရှိမှာ၊ တနိုင်း၂ ယောက် ချီဖွေ ၂ယောက် ပြီးတော့ အင်ဂျန်းယန်ကလည်းပါတယ်၊ မနေ့ကတော့ ၄ ကျောင်းထင်တယ်ပျက်တာ၊ ဒီနေ့တော့ ၁ ယောက်ပြန်တိုးပြီတော့ ၃ကျောင်း ပျက်တယ် ခရီးဝေးတဲ့ဟာပေါ့” ဟု သူက ပြောသည်။
သင်တန်းတက်ရောက်ရသည်မှာ ဌာနညွှန်ကြားချက်ကြောင့် တက်ရောက်ရခြင်းဖြစ်သည်ဟုသူက ဆက်ပြောသည်။
“ဌာနက ခိုင်းတဲ့အတွက်ကြောင့် ဌာနက ညွှန်ကြားချက်အတိုင်းဘဲလိုက်လုပ်ရတာဘဲလေ” ဟု ယင်းက ပြောသည်။

မတ်လ ၁၇ ရက်နေ့မှ ၁၉ ရက်နေ့တွင် အထက်တန်း အလယ်တန်း ကျောင်းအုပ်ကြီးများအား စွမ်းရည်မြှင့်သင်တန်း၊ မတ်လ ၂၁ ရက်နေ့မှ ၂၄ ရက်တွင် မူလတန်းကျောင်းအုပ်များအား စွမ်းရည်မြှင့်သင်တန်း၊ မတ်လ ၃၀ ရက်နေ့မှ ဧပြီလ၁ ရက်နေ့တွင် G7 နှင့် G10 ဆရာ၊ဆရာမ မွမ်းမံသင်တန်း နှင့် ဧပြီလ၅ ရက်နေ့မှ ဧပြီလ ၇ ရက်နေ့တွင် G4 မွမ်းမံသင်တန်းကို ဆောင်ရွက်မည်ဖြစ်သည်။

သင့်ထင်မြင်ချက်ရေးပေးပါ