ကယားပြည်နယ်၊ လွိုင်ကော်မြို့ရှိ အင်းဝဘဏ်တွင် ယနေ့နံနက် ၁၁ နာရီခန့်က ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ပေါက်ကွဲမှုကြောင့် ဘဏ်အဆောက်အအုံမှ မှန်များကွဲသွားသည်ဟု နီးစပ်သူတစ်ဦးက The 74 Media ကိုပြောသည်။

” မှန်တွေကွဲပြီး လူထိတယ်တော့ ပြောနေကြတယ်။ အိတ်အမဲနဲ့ လူတစ်ယောက် လာထားသွားတယ်တဲ့။ ခုဘဏ်နားက ဆိုင်တွေအကုန်ပိတ်သွားပြီ” ဟုသူကပြောသည်။

လက်ရှိတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး လမ်းသွားလမ်းလာပြည်သူများကို စစ်ဆေးမှုများပြုလုပ်နေကြောင်း သူကဆက်ပြောသည်။

လွိုင်ကော်မြို့တွင် အောက်တိုဘာ ၆ ရက်နေ့ညကလည်း စစ်ကောင်စီတပ်ဖွဲ့မှ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် ပြည်သူတစ်ဦးသေဆုံးကာ ရှစ်ဦးဒဏ်ရာရရှိခဲ့ပြီး နေအိမ်ငါးလုံးပျက်စီးခဲ့သည်။

အင်းဝဘဏ်သည် စစ်ကောင်စီက အဓိကပိုင်ဆိုင်သော ဘဏ်တစ်ခုဖြစ်သည် ၁၉၉၇ ခုနှစ်တွင် စတင်တည်ထောင်ကာ မြန်မာနိုင်ငံအနှံ့အပြားတွင် ဘဏ်ခွဲ ၆၆ ခုရှိကာ ရုံးချုပ်သည် ရန်ကုန်နှင့် နေပြည်တော်တွင် တည်ရှိသည်။

သင့်ထင်မြင်ချက်ရေးပေးပါ