KIA အဖွဲ့

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဒွမ်ဘန်ကျေးရွာအုပ်စု ၊နောင်းမီကျေးရွာနှင့် မံပန်ကျေးရွာကြားတွင် စစ်အင်အားတိုးချဲ့လာသည့် စစ်ကောင်စီတပ်ဖွဲ့ယာဉ်တန်းကို ကချင်လွပ်မြောက်ရေးတပ်(KIA) က ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး လက်ရှိအချိန်ထိ တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်ကြောင်းသိရသည်။

တိုက်ပွဲဖြစ်ပွားရာ နေရာအနီးတစ်ဝိုက်တွင် တိုက်လေယာဉ်တစ်စီး ပျံဝဲနေကြောင်း မြေပြင်နှင့်နီးစပ်သည့် အမည်မဖော်လိုသူ သတင်းရင်းမြစ်တစ်ဦးက The 74 Media ကိုပြောသည်။

“တိုက်ပွဲဖြစ်နေတာတော့ ဟုတ်တယ် ခုထိဖြစ်နေတုန်း၊ ယာဉ်တန်းကိုမိုင်းဆွဲခံရတာ၊ ခြေလျင်ရောကားရောပါမယ်၊ ခုက အဲ့နေရာတွေမှာ လေယာဉ်တွေပါဝဲနေတာ အပေါ်မှာ၊ မနေ့ကတည်းက ပြောတ တနိုင်းရှဒူဇွပ်ဘက်က စစ်ကြောင်းဆင်းလာတာတာကို (KIA) က ကြားဖြတ်တိုက်တာပေါ့” ဟု သူကပြောသည်။

ယနေ့နံနက်တိုက်ပွဲတွင် ကချင်လွပ်လပ်ရေးတပ်(KIA) ၏ တပ်ရင်းအမှတ် (၂၀) က စစ်အင်အားတိုးချဲ့လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၂၀၀ ခန့်ကို ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သူကဆက်ပြောသည်။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ပေါ်တွင် ယနေ့ အောက်တိုဘာ ၈ ရက်နေ့ နံနက် ၁၀ နာရီခွဲခန့်က ဂျက်လေယာဉ်သုံစင်းသည် တောင်ဘက်မှ မြောက်ဘက်သို့ ပျံသန်းခဲ့သည်။

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဝရာဇွတ်ကျေးရွာနှင့် ရှဒူဇွတ်ကျေးရွာအနီး ယမန်နေ့ နံနက် ၈ နာရီခန့်က စစ်အင်အားတိုးချဲ့လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို KIA တပ်ဖွဲ့ဝင်များက ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ကချင်ပြည်နယ်သို့ စစ်ကောင်စီတပ်ဖွဲ့များက စစ်အင်အားတိုးချဲ့မှုများ ပြုလုပ်နေဆဲဖြစ်ပြီး တနိုင်းမြို့နယ်နှင့် မိုးကောင်းမြို့နယ် လီဒိုလမ်းမတစ်လျှောက်ရှိ ကျေးရွာများတွင် KIA နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲ မကြာခဏဖြစ်ပွားနေဆဲဖြစ်သည်။

သင့်ထင်မြင်ချက်ရေးပေးပါ