ကချင်ပြည်နယ် မြစ်ကြီးနားမြို့ပေါ်တွင် ယနေ့ အောက်တိုဘာ ၈ ရက်နေ့ နံနက် ၁၀ နာရီခွဲခန့်က ဂျက်လေယာဉ် သုံးစင်း ပျံသန်းခဲ့ကြောင်းသိရသည်။

ဂျက်လေယာဉ်သုံစင်းသည် တောင်ဘက်မှ မြောက်ဘက်သို့ ပျံသန်းသွားသည်ဟု စီတာပူရပ်ကွက်မှ မျက်မြင်တွေ့ရှိသူတစ်ဦးက The 74 Media ကိုပြောသည်။

“စစ်လေယာဉ်တွေ အရမ်းဝဲနေတယ် ၃ စီးတွေ့လိုက်တယ် အသံမြည်တာကြားတဲ့ချိန် ကြည့်လိုက်တာ တောင်ဘက်ကနေ မြောက်ဘက်ကို သွားလိုက်တာပဲ” ဟု သူကပြောသည်။

ထိုအချိန်၌ပင် ဂျက်လေယာဉ်တစ်စင်းသည်လည်း မြောက်မှ တောင်သို့ ပျံသန်းလာပြီး ပြန်လှည့်သွားကြောင်း ရွှေညောင်ပင်ရပ်ကွက်မှ ဒေသခံတစ်ဦးကပြောသည်။

“အသံအရမ်းကျယ်တယ် မြောက်ဘက်ကနေ လာပြီး အဲ့ဘက်ဘဲ ပြန်ပတ်သွားတယ်။” ဟုသူကပြောသည်။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ မြန်မာ့စီးပွားရေးဘဏ်တွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် စက်တင်ဘာ ၂၀ ရက်နေ့ကလည်း ဘဏ်အနီးရှိ ရပ်ကွက်များပေါ် ဂျက်လေယာဉ်တစ်စင်းပျံဝဲခဲ့သည်။

သင့်ထင်မြင်ချက်ရေးပေးပါ