ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ ရပ်ကွက်(၁)၊ နယ်မြေ(၉) တွင် ယမန်နေ့ည ၆ နာရီခွဲခန့်က သားအဖနှစ်ဦး၏ ဆိုင်ကယ်လုယူရန် ဓားဖြင့်ခုတ်သဖြင့် လူသတ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

အလုပ်မှပြန်လာသည့် သားအဖနှစ်ဦးကို ဆိုင်ကယ်လုယူရန် ဓားဖြင့်ခုတ်ရာ ဖခင်ဖြစ်သူမှာ အခင်းဖြစ်ပွားရာနေရာတွင် သေဆုံးခဲ့သည်ဟု ဖြစ်စဉ်နှင့်နီးစပ်သူတစ်ဦးက The 74 Media ကိုပြောသည်။

“ဓားနဲ့ခုတ်ခံလိုက်ရတာ၊ အဖေဖြစ်သူကတော့ နှလုံးကိုလည်းအထိုးခံလိုက်ရတယ် ဖြစ်တဲ့နေရာမှာပဲ သေတာ။ သားကတော့ ခေါင်းကိုခုတ်ခံထားရတာ ခေါင်းကိုချုပ်ပေးပြီး အိမ်ပြန်ခေါ်လာတာ သားက ကြောင်တောင်တောင် ဖြစ်နေတယ်” ဟု သူကပြောသည်။

ကျူးလွန်သူများက သားအဖနှစ်ဦးကို ဓားဖြင့်ခုတ်ကာ ဆိုင်ကယ်လုယူရန်ကြိုးပမ်းခဲ့သော်လည်း ဆိုင်ကယ်ကို အချိန်မှီပြန်လည်ရယူနိုင်ခဲ့သည်ဟု သူကဆက်ပြောသည်။

သေဆုံးသူသည် ကိုသန့်ဇင် အသက် ၃၈ နှစ်ဖြစ်ပြီး ခေါင်းတွင်ခုတ်ခံရသည့် သားဖြစ်သူမှာ အသက် ၁၈ နှစ် မောင်လမင်းခန့်ဖြစ်သည်။

အခင်းဖြစ်စဉ်နှင့် ပတ်သက်၍ ကိုသန့်ဇင်၏ ဇနီးဖြစ်သူမှာ ရဲစခန်းတွင် အမှုဖွင့် တိုင်ကြားထားကြောင်း သိရသည်။

သင့်ထင်မြင်ချက်ရေးပေးပါ