ကချင်ပြည်နယ် ပူတာအိုမြို့နယ် လုံးစွတ်ရပ်ကွက်တွင် အောက်တိုဘာ ၇ ရက်နေ့ နံနက် ၉ နာရီအချိန်မှစတင်ကာ စစ်ကောင်စီတပ်ဖွဲ့ဝင်များက ရပ်ကွက်တွင်းရှိနေအိမ်များတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်နှင့် CDM ဝန်ထမ်းများကို လိုက်လံရှာဖွေနေကြောင်း သိရသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက တစ်အိမ်တက်ဆင်း စစ်ဆေးခဲ့သည်ဟု ရပ်ကွက်နေပြည်သူတစ်ဦးက The 74 Media ကိုပြောသည်။

“စစ်သားက ငါးယောက်လောက်ပါတယ် ရဲနဲ့ တခြားရပ်ကွက်အုပ်ချုပ်ရေးကလူတွေ ရပ်ကျေးစာရေးတွေလည်း ပါတယ် အားလုံး ၁၄ ယောက်လောက်လိုက်စစ်တယ်။ တစ်အိမ်ဝင်တစ်အိမ်ထွက်ပြီး PDF လုပ်တဲ့သူရှိလား CDM လုပ်တဲ့သူရှိလား အဲ့လိုမျိုးမေးပြီး စစ်ဆေးတယ်” ဟု သူကပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် အုပ်ချုပ်ရေးမှူးများသည် လုံးစွတ်ရပ်ကွက်အပြင် လေယာဉ်ကွင်းရပ်ကွက် ၄ ကို ညနေ ၃ နာရီခဲ့ခန့်အထိ စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်းသိရသည်။

ပူတာအိုမြို့ ဒုတ္တန်ရပ်ကွက်ရှိ အိမ်တစ်အိမ်ကိုလည်း အောက်တိုဘာလ ၆ရက်နေ့ နေ့လည် ၁နာရီခန့်က စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဝင်ရောက်ရှာဖွေမှုပြုလုပ်ခဲ့သည်။

သင့်ထင်မြင်ချက်ရေးပေးပါ