စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့ မေတ္တာမြိုင်ရပ်ကွက်တွင် ယနေ့နံနက် ခြောက်နာရီခန့်က ထူးတော်ဝင် စက်ပစ္စည်းဆိုင်ပိုင်ရှင် သေနတ်ဖြင့် ပစ်သတ်ခံရကြောင်း သိရသည်။

အရပ်ဝတ်ဖြင့် လူတစ်စုက သေနတ်ဖြင့် လေးချက် လာရောက်ပစ်ခတ်သွားကြောင်း ရပ်ကွက်နေပြည်သူတစ်ဦးက The 74 Media ကိုပြောသည်။

“ထူးတော်ဝင် လယ်ယာသုံးစက်ပစ္စည်းဆိုင်က ပိုင်ရှင် သေနတ်နဲ့ ၄ချက် ပစ်ခံရတာ။ ဘာကြောင့် ပစ်တယ်ဆိုတာတော့ ပြောဖို့ခက်တယ်။ တချို့တွေကတော့ သူ့ကို ပရဟိတ ဗန်းပြပြီး ဒလန်လုပ်တယ်ဆိုပြီးတော့ ပြောကြတယ်။ ဒါပေမဲ့ သူ့သမီးတွေကတော့ ခေတ်လူငယ်တွေဆိုတော့ ပရိုဖိုင်အနီတွေပဲ။ အဲ့လူကတော့ စီးပွားရေးသမား” ဟု ပြောသည်။

သေနတ်ပစ်ခံရသူမှာ အသက် ၅၀ အရွယ်ခန့် ဦးကျော်ထူးဆိုသူဖြစ်ပြီး ဆေးရုံသွားရာလမ်းတွင် သေဆုံးသွားသောကြောင့် မွန်းလွှဲ ၃ နာရီခန့်က အသုဘချပြီးဖြစ်ကြောင်း သူကဆက်ပြောသည်။

တန့်ဆည်မြို့နယ်၊ နဘတ်ကြီးကျေးရွာအုပ်စု၊ နဘတ်ကြီးမယ်တော်နန်းအနီးတွင် ယနေ့နံနက် ၁၂ နာရီခန့်က စစ်ကောင်စီယာဉ်တန်းမိုင်းခွဲတိုက်ခိုက်ခံရသည်။

 

သင့်ထင်မြင်ချက်ရေးပေးပါ