နမ်ကျင်ကျေးရွာ

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ နမ်ကျင်ကျေးရွာတွင် ယနေ့နံနက်က သေနတ်သံနှင့် ဗုံးကွဲသံများကြားရသည်ဟု သိရသည်။

နမ်ကျင်ကျေးရွာတွင် ယနေ့နံနက် ၇ နာရီခန့်မှစတင်ကာ သေနတ်သံများကြားရသည်အမည်မဖော်လိုသူ ရွာသားတစ်ဦးက ပြောသည်။

“မနက် ၇ နာရီလောက်ကနေ သေနတ်သံကြားရတယ်၊ ဗုံးကွဲသံလည်း နှစ်ခါကြားရတယ်၊ တိုက်ပွဲဖြစ်တာလား ဘာလားတော့ မသိဘူး” ဟု ပြောသည်။
နမ်ကျင်ကျေးရွာတွင် ပစ်ခံသံနှင့် ဗုံးပေါက်ကွဲသံများကြားရသည်ဟုမြေပြင်သတင်းများကဆိုသော်လည်း တိုက်ပွဲဖြစ်ပွားမှုရှိ မရှိကို The 74 Media က သီးခြားအတည်ပြုနိုင်ခြင်းမရှိပါ။
ပစ်ခတ်သံများကြားရပြီးနောက် နမ်ကျင်ကျေးရွာအဝင်ဆိုင်းဘုတ်အနီးတွင် နေ့လယ် ၁၂ နာရီခန့်အထိ စစ်ကောင်စီတပ်ဖွဲ့ဝင်စစ်သားများက ဖြတ်သန်းသွားလာသည့် ပြည်သူများကို စစ်ဆေးမေးမြန်းမှုပြုလုပ်နေသည်ဟု သိရသည်။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ နမ်ကျင်ကျေးရွာသည် တရုတ်နိုင်ငံက ရင်းနှီးမြုပ်နှံမည့် မြစ်ကြီးနားစီးပွားရေးဖွံ့ဖြိုးရေးဇုန်ပြုလုပ်ရန် လျာထားသည့်နေရာတစ်ခုဖြစ်ပြီး အဆိုပါစီမံကိန်းကြောင့် အစိုးရနှင့်ဒေသခံများအကြား မြေယာအငြင်းပွားမှုဖြစ်နေသည့် ကျေးရွာဖြစ်သည်။

သင့်ထင်မြင်ချက်ရေးပေးပါ